နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ သံသယရှိသူများကို ဆက်လက်စစ်ဆေး

ရွှေသောင်ယံ စက်တင်ဘာ ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊တိုက်နယ် ဆေးရုံတွင် စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ကိုဗစ် ၁၉ သံသယရှိသူ ၁၂ ဦးကိုRDT Test ဖြင့်စစ်ဆေးပေးခဲ့ရာသုံးဦး   တွင်ရောဂါပိုးများ တွေ့ရှိခဲ့ကြောင်း သိရသည်။ ရွှေသောင်ယံ မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများကို အမှတ်(၃)ရပ်ကွက်ရှိအဏ္ဏဝါ သိပ္ပံကျောင်းတွင်ထားရှိကာ စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက အတည်ပြုလူနာ ၁၅ ဦး စင်တာမှပြန်လည်ဆင်းခွင့်ရပြီးစင်တာတွင် ၇ ဦးကျန်ရှိနေသေးကြောင်း သိရသည်။


 အဆိုပါ ကိုဗစ်-၁၉ ရောဂါသံသယရှိသူများကို ရွှေသောင်ယံမြို့၊ တိုက်နယ်ဆရာဝန်မှ စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီးစစ်ဆေးရာသို့ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာန ဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေး အသင်းအဖွဲ့များပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ