နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်ရေးလုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန် စက်တင်ဘာ ၁၆


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားတိုင်းနိုင်ငံ သားစိစစ်ရေးကိုင်ဆောင်လက်မှတ်များရရှိစေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၄ ရက် နံနက်၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူက ပန်းခင်း စီမံချက်နှင့်ပတ်သက်၍ နိုင်ငံသားစိစစ်ရေး ကိုင်ဆောင်လက်မှတ်များကို သတ်မှတ် ချက်များနှင့်ကိုက်ညီပြီးဖြစ်သည့် နိုင်ငံသားတိုင်းလက်ဝယ်ကိုင်ဆောင်နိုင်စေရန် နှင့်ကျန်ရှိခဲ့ခြင်းများမရှိစေရေးအတွက် ရပ်ကွက်များအလိုက်သေချာစွာစိစစ်ပေး ကြရန်လိုကြောင်း၊ ထို့အပြင်ရပ်ကွက်များအလိုက်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ဆယ်အိမ်စုမှူးများမှ  ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသောင်း ထွဋ်ဦးက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် လက်ရှိဇာတိတွင်အမြဲနေထိုင် ပြီးအိမ်ထောင်စုစာရင်းရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိ တွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်း (မရှိ) ကိုင်ဆောင်လက်မှတ် (မရှိ) သူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက်မူလဒေသတွင်အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိ ဒေသသို့ပြောင်းရွှေ့လိုသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်း(မရှိ) သူများ၊လက်ရှိဒေသတွင်လည်း အိမ်ထောင်စုစာရင်းမရှိသူ များစသည့် စာရင်းများကို ရပ်ကွက်များအလိုက်မြေပြင်စာရင်းများ ကောက်ယူလျက် ရှိပြီး ပြန်လည်ရရှိလာသော စာရင်းအချက်အလက်များအရ ကိုင်ဆောင်လက်မှတ် များထုတ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိရာ ကိုင်ဆောင်လက်မှတ်ပြုလုပ် ရန် ကျန်ရှိသူများမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်တို့ကို ဆွေးနွေး ပြောကြားခဲ့ပြီးတက်ရောက်လာသူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို   ကိုင်ကြစို့လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးမဉ္စူ






အခြားဆက်စပ်သတင်းများ