နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တစ်ပိုင်တစ်နိုင် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ရန်ပုံငွေ ထုတ်ချေး

စေတုတ္တရာ စက်တင်ဘာ ၁၆


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ သာမက အရောင်းအဝယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေများကို အတိုး နှုန်းသက်သာစွာဖြင့် ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။


စေတုတ္တရာမြို့နယ်၊ ညောင်ကိုင်း ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် သူ ၁၃၇ ဦး၊ ငွေကျပ် ၃၅ ဒသမ ၆၆၆၅ သန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦး၊ ငွေကျပ် ၂ ဒသမ ၇၂၅ သန်း၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၂ ဦး၊ ငွေကျပ် သုည ဒသမ ၇ သန်း၊ စီမံကိန်းဝင် အသင်းသားစုစုပေါင်း ၁၅၃ ဦး၊ စုစု ပေါင်းငွေကျပ် ၃၉ ဒသမ ၀၉၁၅ သန်း အား စေတုတ္တရာမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ခင်သက်ဇွန်နှင့် အငယ်တန်းအင်ဂျင်နီယာ၂ ဦးမျိုးသန့် နိုင်တို့က ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ စက်တင်ဘာ ၁၅ ရက်က သတ္တမအကြိမ်မြောက် ကွင်းဆင်းထုတ် ချေးပေးခဲ့ကြောင်း သိရသည်။


အဆိုပါစီမံကိန်းအား ကျေးရွာနေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်း ဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို  ကျေးရွာမှ  ကိုယ်တိုင်အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်နှင့် ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်၊ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ် များကျရောက်လာပါက တုံ့ပြန်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နိုင်ငံ တော်ထောက်ပံ့ငွေမှ ကျပ်သိန်းသုံးရာ မတည်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆို ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးသိန်း ဇော်ထွန်းထံမှ သိရသည်။ 

အထွေး(ကျေးလက်)






အခြားဆက်စပ်သတင်းများ