နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇီးကုန်းမြို့နယ် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဇီးကုန်း စက်တင်ဘာ ၁၆


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်သည့် ကျေးလက် ကုန်ထုတ်လမ်းလုပ်ငန်းနှစ်ခုကို ငွေ ကျပ်  ၇၇  ဒသမ ၃၅၆  အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ခဲ့ရာ  ယခုအခါ လုပ်ငန်းများအားလုံး  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ  ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းကို နွားတဲကုန်းအုပ်စု၊ မြောက် လွှတ်ကုန်းကျေးရွာတွင်  အရှည် ၆၉၆၉ ပေ၊  အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ သော မြေနီကျောက်စရစခင်းခြင်းတို့ကို ငွေကျပ် ၅၂ ဒသမ ၄ သန်းနှင့် ဝက်စပိုး ကျေးရွာအုပ်စု၊ ဝက်စပိုး ကျေးရွာ တွင် အရှည်  ၄၆၀၈ ပေ၊အကျယ် ၁၀ ပေ၊ ထု ၉ လက်မရှိသော မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ငွေ ကျပ်  ၂၄ ဒသမ ၉၅၆ သန်း အသုံးပြု၍ လုပ်ငန်းများအားလုံးဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။


 ကျေးလက်ကုန်ထုတ်လမ်း လုပ် ငန်းများကို တင်ဒါအောင်မြင်သော ကုမ္ပဏီမှ  ဆောင်ရွက်ခြင်းဖြစ်ပြီး၊ လုပ်ငန်းဆောင်ရွက်မှုများအား မြို့နယ် တည်ဆောက်ရေးနှင့် စိစစ်ရေးကော် မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ် တာဝန်ခံအင်ဂျင်နီယာများက  ကျေးရွာ အရောက်ကွင်းဆင်း၍  အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးခြင်းနှင့် ကျေးလက်ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးခြင်းဖြင့် ထွက်ကုန်သီးနှံ များကို  ရာသီမရွေးဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဈေးကောင်းရရှိကာ တောင်သူများအနေ ဖြင့် စီးပွားရေး အဆင်ပြေကြောင်း ကို ဇီးကုန်းမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန် (လက်ထောက်ညွှန်ကြား ရေးမှူး)ထံမှ သိရသည်။   ညိုဝင်းအောင်






အခြားဆက်စပ်သတင်းများ