နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့နယ်မြစိမ်းရောင် ကျေးလက်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများ

တောင်ကြီး စက်တင်ဘာ   ၁၆


ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာ ၂၇ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ၂၀၂၁ခုနှစ် ဇန်နဝါရီလ တတိယပတ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ ကျေးရွာအဝင် ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း တစ်ခု၊  ကျေးရွာရေ ရရှိရေးလုပ်ငန်း ၁၂ ခု၊ ဆရာမနေအိမ် တည်ဆောက်ခြင်း လုပ်ငန်းနှစ်ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်း တစ်ခု၊ ဘက်စုံသုံးခန်းမ တည် ဆောက်ခြင်းလုပ်ငန်း ၁၂ ခု၊ စုစုပေါင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP)ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၂၇၀၀၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၁၁၅၄ ဒသမ ၂ သိန်း၊ စုစုပေါင်းငွေကျပ် ၃၈၅၄ ဒသမ ၂ သိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေ ပြီဖြစ်ကြောင်း တောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်  ဦးစီးမှူး ဦးသန်းနိုင်က ပြောသည်။


ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သော ကျေးရွာများမှာ သရက်ပင်၊ ညောင်ခမ်း (တ+မ)၊ ထီရီး(တ)၊ ကက္ကူ(န)၊ ဟမ်းကြိုး၊ ကျောက်နီ၊ ထီဖောင်း(မ)၊ ထီဟန်း ဆွေး၊ ပင်လဲမ်၊ သာစည်၊ ဝမ်နောက်၊ ပင်စုံ၊ လိုင်းငေါက်၊ ထီအုံ၊ ပံ့ပအိုဝ်၊ နမ့်ဟူး၊ ကုန်းမို့၊ ထီခေါင်း(တ)၊  နားဟစ်၊ ဘုရားဖြူအောက်၊ ထီပြွန်၊ ထီနဲ့(ရ)၊ ထီနို့၊ မဲလော်၊ ခေလူး(တ+မ)၊ ထီခေါင်း(လ)၊ တီးလုံး(တ)ကျေးရွာတို့ ဖြစ်ကြောင်း သိရသည်။


ကျော်ဦး






အခြားဆက်စပ်သတင်းများ