နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြစ်သားမြို့နယ် မကျီးကန်ကျေးရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်း ပြီးစီး

မြစ်သား စက်တင်ဘာ ၁၆


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ သစ်သက္ကုန်းကျေးရွာအုပ်စု မကျီးကန်ကျေးရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်းကို ဆောင်ရွက် ပေးခဲ့သည်။


အဆိုပါ ကျေးလက်ရေပေးရေးလုပ်ငန်းတွင် အနက်ပေ ၆၃၀ ရှိ လေးလက်မစက်ရေတွင်း တူးဖော်ခြင်း၊ ရေစင်နှင့် ရေစက် ရုံတည်ဆောက်ခြင်းတို့ ပါဝင်ပြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၈ ဒသမ ၉၄ သန်းဖြင့် Unistruct Co.Ltd; က တာဝန်ယူ ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။


စက်တင်ဘာ ၁၅ ရက် နံနက်တွင်လည်း သစ်သက္ကုန်း ကျေးရွာအုပ်စု မကျီးကန်ကျေးရွာ၌ ကျေးလက်ရေပေးရေးလုပ်ငန်း ပြီးစီးမှုအခြေအနေများကို မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လုပ်ငန်းပြီးစီးမှုနှင့် စပ်လျဉ်း၍ ကျေးရွာကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ကြသည်။


ထို့ပြင် ကျေးလက်ရေပေးရေးလုပ်ငန်း ပြီးစီးမှုကြောင့် သစ်သက္ကုန်း ကျေးရွာအုပ်စု မကျီးကန်ကျေးရွာမှ အိမ်ခြေ ၄၀၀ လုံး၊ လူဦးရေ ၁၉၀၀ ကျော်အပြင် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေးသောက်သုံးရေဖူလုံစွာရရှိရေး အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။                                                         မင်းမြင့်မိုရ်(ကျေးလက်)






အခြားဆက်စပ်သတင်းများ