ဖာပွန် စက်တင်ဘာ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဖာပွန် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ ဖာပွန် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေ ရန် ရည်ရွယ်၍ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာဖြစ်သော ပုဇွန်မြောင်း နှင့် နို့ထကျေးရွာ၌စီမံကိန်း ဆဌမအကြိမ် လည်ပတ်မှုအဖြစ် စက်တင်ဘာ ၁၃ ရက်တွင် စိုက်ပျိုးရေးလုပ်ငန်း ၃၀ ဦး ကျပ် ၁၉ ဒသမ ၄၀ သန်း၊ မွေးမြူရေးလုပ်ငန်း ၃၈ ဦး ကျပ် ၁၉ ဒသမ ၈၀ သန်း၊ အရောင်းအဝယ်လုပ်ငန်း ရှစ်ဦး ကျပ် ၃ ဒသမ ၅၀ သန်း၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်း ငါးဦး ကျပ် ၂ ဒသမ ၄၀ သန်း၊ ကုန်ထုတ်လုပ်ငန်း လေးဦး ကျပ် ၁ ဒသမ ၇၀ သန်း စုစုပေါင်း အသင်းသား ၈၅ ဦးကို စီမံကိန်းချေးငွေ စုစုပေါင်း ကျပ် ၄၆ ဒသမ ၈၀ သန်းကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှု ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ အိမ်တိုင်ရာ ရောက်ထုတ်ချေး ပေးနေမှုများကို ဖာပွန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန ခေတ္တခရိုင်ဦးစီး မှူး ဦးနိုင်မင်းဆွေနှင့် ဝန်ထမ်း များမှ အွန်လိုင်းစနစ်ဖြင့် ကြီးကြပ် ဆောင်ရွက်ပေးခဲ့သည်။
ဖာပွန်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အနေဖြင့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေး နှစ်မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၃၄ ယူနစ် အကျိုးပြု ကျေးရွာ ၄၇ ရွာတို့ကို တစ်ရွာလျှင် မတည် ရန်ပုံငွေ ကျပ် ၃၀ သန်း မတည် အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး အတိုးရငွေစုစုပေါင်းကျပ် ၆၆၄ ဒသမ ၉၅၈၃ သန်းရရှိပြီး အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင် ခဲ့သည်။ သူရစိုး (ကျေးလက်)