နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ PMG အရက်ချက်စက်ရုံ၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်  မေ  ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ စက်မှု(၁)လမ်းနှင့် အင်ကြင်းမြိုင်လမ်းထောင့်ရှိ မြေတိုင်း ၄၂ ၊ အကွက်အမှတ် ၆၃/၆၄ ပေါ်ရှိ  ဦးမြင့်အောင် ပိုင်ဆိုင်သည့် PMG အရက်ချက်စက်ရုံ၌ မေ ၂၇ ရက် နံနက် ၀၀ နာရီ ၅၀ မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။   


မီးလောင်မှုမှာ ဂိုထောင်အတွင်း ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် အနီးရှိ ကတ်ထူစက္ကူပြားများပေါ်သို့ မီးကျရာမှ စတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်ရာသို့ မီးသတ်ယာဉ် ၄၂ စီး၊ ရေသယ်ယာဉ် ၁၈ စီး၊ အထောက်အကူပြုယာဉ် ၁၀ စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ ကွပ်ကဲယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅၀၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၈၇ ဦးတို့ဖြင့် မီးသတ်ငြှိမ်းသတ်ခဲ့ရာ  နံနက် ၀၁ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင် ခဲ့သည်။


အဆိုပါမီးလောင်မှုကြောင့်  ၁၅၀x၁၅၀ ပေ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ်အဆောက်အဦတစ်ခု ကတ်ထူစက္ကူဖာ ၁၀၀၀ ဒါဇင်၊ အရက်ပုလင်းဖာ ၁၀၀ ဖာ၊ YGN-58 ------- နစ်ဆန်ဒီဇယ်  ၆ ဘီးကား ခေါင်းပိုင်းမီးလောင်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၃၂ သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်ရာသို့ ရွှေပြည်သာ မြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်နှင့်တာဝန် ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ စက်ရုံဂိုထောင် တာဝန်ခံ ဦးတင်နိုင်ဦးကို ရွှေပြည်သာမြို့မရဲခစန်းက အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။        


ဇွဲထက်ကို၊နေမျိုးထွန်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ