နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံကြက်ခြေနီအသင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများ (အခြေခံ)သင်တန်း ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၄


မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန နှင့် Migration and Displacement စီမံချက်မှ ကျင်းပပြုလုပ်သော ရွှေ့ပြောင်း သွားလာ နေထိုင်သူများနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင် သူများအရေး (အခြေခံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် Online Video Conferencing (Zoom) စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ သည်။ အခမ်းအနားအဖွင့် အမှာစကားကို အသင်းဥက္ကဌ ဒေါက်တာ မောင်မောင်မြင့် မှပြောကြား ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားများနှင့် သင်တန်း နည်းပြများ အပြန်အလှန်မိတ် ဆက်စကား ပြောကြားကာ စတင်ခဲ့ကြသည်။ 


အခမ်းအနားကို ဒုတိယ အထွေထွေ အတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ သင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ ၂၉ ဦးတို့တက် ရောက်ခဲ့ကြသည်။


 အဆိုပါ သင်တန်းကို စက်တင်ဘာ ၁၃ ရက်၊ ၁၅ ရက်၊ ၁၇ ရက်နှင့် ၂၁ ရက် တို့တွင် ၄ ရက်တိတိ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ပြီး ရွှေ့ပြောင်းသွား လာနေထိုင်ခြင်းနှင့် နေရပ် စွန့်ခွာ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း၏ အသုံးအနှုန်း ဝေါဟာရများနှင့် အခြေခံ သဘောတရားများကို သိရှိစေ ရန်၊ ရွှေ့ပြောင်းသွားလာ နေထိုင်သူနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ရသူတို့၏ အခက်အခဲများနှင့် ပြဿနာ များကို သိရှိနားလည်စေရန်၊ ရွှေ့ပြောင်း သွားလာနေထိုင် သူနှင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ရသူတို့၏ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ  လိုအပ်ချက်များကို သိရှိဖော် ထုတ်ရန်နှင့် လူသားဂုဏ် သိက္ခာနှင့် လျော်ညီစွာကူညီ ဆောင်ရွက်နိုင် စေရန်ရည်ရွယ် ၍ဖွင့်လှစ်ခြင်းဖြစ်သည်။     (KS)






အခြားဆက်စပ်သတင်းများ