နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်းဆန်များကို အထူးအစီအစဉ်ဖြင့် ရောင်းချပေးသွားမည်

ရန်ကုန် စက်တင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၄ ရက်မှစတင်ကာ ဆန်များကို ဈေးနှုန်း သက်သာသည့် အထူးအစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းကို မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကြေညာ ထားခဲ့သည်။


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း Myanmar Rice နှင့်ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)၊ ကုန်စည်ဒိုင်ရှိ ကုန်သည်များ၊ အကျိုးဆောင်များတို့၏ ပူးပေါင်းညှိနှိုင်းစီစဉ်မှုအရ ရောင်းချ ပေးမည့် အစီအစဉ် ဖြစ်သည်။


ဧရာဝတီပေါ်ဆန်း အမျိုးမျိုး၊ ရွှေဘို ပေါ်ဆန်း၊ ပေါ်ကျွဲ၊ ရက် ၉၀၊ ကောက် ညှင်းစသော ဆန်အမျိုးအစား စုံလင် စွာကို အထူးသက်သာသော ဈေးနှုန်း များဖြင့် ခင်းကျင်း ရောင်းချပေးသွားရန် စီစဉ်ထားရှိပြီး   ဆန်အမျိုးအစားကို လိုက်၍ တစ်အိတ်လျှင် ၂၃၅၀၀ ကျပ် မှ ၅၃၀၀၀၊ ၅၄၀၀၀ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။ စက်တင်ဘာ ၁၄ ရက် အင်္ဂါနေ့မှ စတင်ပြီး နေ့စဉ် နံနက် ၉ နာရီ မှ ညနေ ၃ နာရီအထိ ဝါးတန်း ကုန်စည်ဒိုင်တွင် လာရောက်၍ ကြိုက် နှစ်သက်ရာ ဆန်အမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက ဖော်ပြပါဖုန်းနံပါတ် ၀၉-၄၂၁၁၆၇၄၇၄၊ ၀၁-၂၁၈၂၆၆~၆၈ တို့သို့  ဆက်သွယ်      စုံစမ်းမေးမြန်းနိုင်ပြီဖြစ်သည်။         

 (WP)






အခြားဆက်စပ်သတင်းများ