နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ/ကျပ်ငွေ သယ်ယူခွင့် လက်မှတ်ကို ထုတ်ပေးမည်

ရန်ကုန် စက်တင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အလုပ်အမှုဆောင် လပတ်အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်က အသင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် အသင်းဥက္ကဌ ဦးမျိုးမြင့်က ရွှေစျေးနှုန်းမြင့်တက်ရခြင်း အကြောင်းအရင်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ရွှေ/ကျပ်ငွေသယ်ယူခွင့် လက်မှတ်အသင်းဝင်များသို့ ထုတ်ပေးရေးကိစ္စပြောကြားခဲ့သည်။ 


ထို့နောက် ရွှေစျေးကွက်နှင့် ရွှေစျေးနှုန်း တည်ငြိမ်စေရေးကိစ္စရပ်များ၊ ကိုဗစ် ၁၉ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်အစရှိသည့် ကိစ္စများ ပြောကြားကာ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၆ ရပ်ချမှတ်ခဲ့သည်။ 


ထို့နောက်အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က လချုပ်စာရင်း များ ရှင်းလင်းတင်ပြအတည်ပြုခဲ့ကာ  စျေးကွက်တည်ငြိမ်စေရေး အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ 


ချမှတ်ခဲ့သည့် အစည်းဝေးဆုံးဖြတ်ချက်များမှာ အသင်းဝင်များအတွက် ရွှေ/ကျပ်ငွေသယ်ယူခွင့် လက်မှတ်ထုတ်ပေးရန်၊ ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေး ကောက်ခံရန် ရွှေအရောင်းအဝယ် ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ကြရန်၊ နှစ်စဉ် ကြေးကောက်ခံမည့်ကိစ္စ သတင်းစာနှင့် YGEA တွင် ကြေညာရန်၊ ရွှေ/ကျပ်ငွေ သယ်ယူခွင့်လက်မှတ်ထုတ်ယူမည့် အသင်းဝင်များ စာရင်းပေးသွင်းကြရန်၊ သြဂုတ် လပတ် ငွေစာရင်းရှင်းတမ်း အတည်ပြုရန် စသည်တို့ဖြစ်သည်။                     

  (WP)






အခြားဆက်စပ်သတင်းများ