နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အထက်တန်းကျောင်းသူတစ်ဦး ရွှေဆိုင်အတွင်း ဝင်ရောက်ဓားပြတိုက်မှု ထိုင်းနိုင်ငံတွင် ဖြစ်ပွား

ဘန်ကောက်  စက်တင်ဘာ   ၁၄


ထိုင်းနိုင်ငံအလယ်ပိုင်း၊ နွန်ထပူရီမြို့ ရတနတိပက်နယ်မြေရှိ ကုန်တိုက်တစ်ခု တွင် အထက်တန်းကျောင်းသူတစ်ဦးက ရွှေဆိုင်တွင်း ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယင်းသည်    နှာခေါင်းစည်းတပ်၊ မျက်မှန်နှင့်   ဦးထုပ်ဆောင်းထားပြီး ယောင်းဝါရတ်အမည်ရှိ ရွှေဆိုင်အတွင်း တည့်တည့်ဝင်လာကာ မီးဖိုချောင်သုံးဓား နှင့် ဆိုင်ဝန်ထမ်းကိုချိန်ရွယ်၍ ရွှေများ ကို ဓားပြတိုက်ခဲ့ခြင်းဖြစ်သည်။ 


သို့ရာတွင်    သူမထွက်သွားပြီး ချက်ချင်းဆိုသလို ဆိုင်ဝန်ထမ်းများ၏ အော်ဟစ်အကူအညီတောင်းမှုကြောင့် လုံခြုံရေးနှင့်   ရဲများရောက်လာကာ အလွယ်တကူ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။


ယူဆောင်သွားသော ပစ္စည်းများ တွင်  ကာလတန်ဘိုး ဘတ် ၄ သိန်းကျော်ရှိ ရွှေဆွဲကြိုး၊ ရွှေလက်ကောက်နှင့် ရွှေ လက်စွပ်များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ အဆိုပါဓားပြမှာ အသက် ၁၇ နှစ်သာ ရှိသေးသည့် အထက်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီး ဇာတိမှာ ထိုင်းအရှေ့ မြောက်ပိုင်း      လွဲ့အေတ်ခရိုင်ကဖြစ် ကြောင်း ရတနတိပက်နယ်မြေရဲစခန်း ကပြောသည်။ အဆိုပါကျောင်းသူသည် အွန်လိုင်းပေါ်တွင်  ချဲထီတစ်ဆင့်ခံ ရောင်းခဲ့ရာမှ ဒိုင်၏ လိမ်ညာမှုကိုခံရပြီး ဆုံးရှုံးသွားသည့်ငွေကို ပြန်ရရန် ကြံမိ ကြံရာ ဓားပြတိုက်ခဲ့ရာ ယခုလို အဖမ်းခံ လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဝင်း (ref;Bangkok Post)






အခြားဆက်စပ်သတင်းများ