နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်စည်းကမ်းများ တင်းကြပ်စွာချမှတ်ကာ ဘင်္ဂလားဒေ့ရှ်စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ဒါကာ  စက်တင်ဘာ   ၁၄


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုစတင်ကျဆင်းလာခြင်းကြောင့် တစ်နှစ်ခွဲကျော်အကြာ ပိတ်ထားရသည့် စာသင်ကျောင်းများနှင့် ကောလိပ်များကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နိုင်ငံတစ်ဝန်းနှင့် မြို့တော်ဒါကာရှိ ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများသည် စာသင်ခန်းများအတွင်း လူမှုဘဝ ခပ်ခွာခွာနေထိုင်ခြင်းအတွက် ထိုင်ခုံများအား ကန့်သတ်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းများအပါအဝင် ကျောင်းဝင်းအတွင်း တင်းကြပ်သည့် ကိုဗစ်-၁၉ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အတူသတိကြီးစွာဖြင့် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှုထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်  ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်မတ်လတွင် ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံးကို ပိတ်သိမ်းခဲ့ ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ စတင်ကျဆင်းလာသည်နှင့်အမျှ ၁၈ လဝန်းကျင် ပိတ်ထားခဲ့ရသည့်နိုင်ငံတွင်းရှိ စာသင်ကျောင်းများနှင့် ကောလိပ်များကို စက်တင်ဘာ ၁၂ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရက ကြေညာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတွင်းရှိ တက္ကသိုလ်များကို အောက်တိုဘာ ၁၅ ရက်စတင်၍ ပြန်လည်ဖွင့်လှစ်ရန်ကိုလည်း အစောပိုင်းတွင် ကြေညာခဲ့သည်။                                                                                                    မျိုးဝင်း (ref;BBC)






အခြားဆက်စပ်သတင်းများ