နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီရတ်လေဆိပ်တွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ဘဂ္ဂဒက်  စက်တင်ဘာ   ၁၄


အီရတ်နိုင်ငံမြောက်ပိုင်း    Erbil အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တပ်စွဲ ထားသော အမေရိကန်တပ်ဖွဲ့များမှာ ဒရုန်းဖြင့်     တိုက်ခိုက်ခံခဲ့ရကြောင်း အီရတ်ကာ့ဒ်လုံခြုံရေးတာဝန်ရှိသူ များက ပြောကြားလိုက်သည်။


အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသအတွက် ပြည်တွင်းလုံခြုံရေး ဝန်ဆောင်မှုဌာနက လေဆိပ်အနီးတွင် ဒုံးကျည်သုံးစင်း ကျရောက်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ကာ့ဒ်အကြမ်းဖက်မှု တန်ပြန်ရေးတပ်ဖွဲ့၏ ဒုတိယထုတ်ပြန် ချက်တစ်ခုအရတွင်မူ အဆိုပါတိုက်ခိုက် မှုမှာ    ဖောက်ခွဲရေးပစ္စည်းများတင် ဆောင်ထားသော     ဒရုန်းများဖြင့် တိုက်ခိုက်ခံရကြောင်း သိရသည်။


တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အသေ အပျောက်သတင်းများကို ချက်ချင်း မရသေးဘဲ မျက်မြင်သက်သေများက ထိုဧရိယာတစ်ဝိုက်အနည်းဆုံး ပေါက်ကွဲ သံခြောက်ကြိမ်  ကြားခဲ့ရတယ်လို့ပြော သည်။  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဖြစ်သည့် ကာ့ဒ်၏မြို့တော် အီဘလီရှိ လေဆိပ်တွင်    ပြီးခဲ့သည့်နှစ်အတွင်း ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထား သည့် ဒရုန်းများဖြင့်  အကြိမ်များစွာ တိုက်ခိုက်ခံခဲ့ရသည်။


အီရတ်တွင်    ကျန်နေသေးသည့် အမေရိကန်စစ်သည် ၂၅၀ဝ ကို တိုင်းပြည် ကနေ မထွက်ခွာသေးခင်အထိတိုက်ခိုက် ရန်ကတိပြုထားသည့်     အီရန်နှင့် မဟာမိတ်ပြုထားသည့်      ရှီးဟိုက် မွတ်ဆလင် စစ်သွေးကြွပြည်သူ့စစ် များအား ယခုတိုက်ခိုက်ခံရမှုအတွက် အမေရိကန်တာဝန်ရှိသူများက ပြစ်တင် ရှုတ်ချခဲ့သည်။

ရဲခေါင် (Ref : Indiatoday)






အခြားဆက်စပ်သတင်းများ