နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျား၊ မ ခွဲ စာသင်ခန်းခွဲကာ အမျိုးသမီးများကို ပညာသင်ခွင့်ပေးမည်ဟု တာလီဘန်ပညာရေးဝန်ကြီး ပြောကြား

ကဘူးလ်  စက်တင်ဘာ   ၁၄


အာဖဂန်နစ္စတန်နိုင်ငံရှိ စာသင်ခန်း အဆောက်အဦများတွင်   ကျား၊ မ သီးသန့်ခွဲထားတဲ့ပုံစံရှိပါက အမျိုးသမီး များအနေဖြင့် အဆိုပါကျောင်းများတွင် ပညာဆက်လက်သင်ယူခွင့်ရှိကြောင်း တာလီဘန်များ၏   ယာယီပညာရေး ဝန်ကြီး Abdul Baqi Haqqani က ပြော ကြားသည်။

ကျား၊ မ ယှဉ်တွဲသင်ယူသည့် ပညာ ရေးမှာ အစ္စလာမ်များအတွက် သာမက အာဖဂန်ရှေးရိုးယဉ်ကျေးမှုအရပါ မကိုက် ညီသည့် အတွက် ယခုလို ခွဲပြီးသင်ကြား စေခြင်းဖြစ်ကြောင်း    အာဖဂန်နိုင်ငံ အတွက်  မူဝါဒအသစ်ကို ချပြသည့် ကဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲတွင် ယာယီဝန်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။


ထို့အပြင် ဆရာမများအနေဖြင့်လည်း ကျောင်းသူများကိုသာ ပညာသင်ပေး ခွင့်ရှိကြောင်းနှင့်    သင်ကြားပေးမည့် ဆရာမဦးရေလည်း အလုံအလောက်ရှိ ထားကြောင်း၊ ဆရာများကမူ ကျောင်း သားများကိုသာ သင်ကြားရမည်ဟု မသတ်မှတ်ထားဘဲ ကျောင်းသူများကို လည်း သင်ကြားခွင့်ရှိကြောင်း၊ သို့ရာ တွင် အစ္စလာမ်ဥပဒေ Sharia ကို မချိုး ဖောက်မှသာ သင်ကြားပေးခွင့်ပြုမည် ဖြစ်ကြောင်း ယင်းက ပြောသည်။ 


လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း အာဖဂန်တွင် အောင်မြင်ခဲ့သည့်ပညာ ရေးကို ဆက်ထိန်းထားရန် တာလီဘန် အစိုးရက လိုလားသော်လည်း ကျား၊ မ ယှဉ်တွဲပြီး သင်ယူခြင်းမျိုးမရှိစေရကြောင်း Haqqani က ပြောသည်။

ရဲခေါင် (ref;AFP)






အခြားဆက်စပ်သတင်းများ