နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယ-ဩစတြေးလျ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည်

နယူးဒေလီ  စက်တင်ဘာ   ၁၄


လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်လုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယနှင့် သြစတြေးလျနိုင်ငံ နှစ်နိုင်ငံ က ထုတ်ပြန်ပြောကြားလိုက်သည်။အိန္ဒိယ၊ သြစတြေးလျနှစ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု ဂျပန်တို့နှင့် အတူ Quad အဖွဲ့ကို ဖွဲ့ထားပြီး အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်သြဇာကြီးမား လာခြင်းကို တန်ပြန်ရန် စုစည်းခဲ့ကြခြင်း ဖြစ်သည်။


အိန္ဒိယနှင့် သြစတြေးလျရှိ ဝန်ကြီး များသည် နယူးဒေလီတွင် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တာလီဘန်များ    ပြန်အုပ်စိုးလာသည့် အာဖဂန်နစ္စတန်အရေးကိစ္စကို အဓိက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အာဖဂန်သည် အကြမ်းဖက်ဝါဒီများ အတွက် ခိုအောင်းရှင်သန်ရာ၊ လေ့ကျင့်ရာ နေရာထပ်မဖြစ်စေရန် အိန္ဒိယရော သြစတြေးလျကပါ လိုလားကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ နိုင်ငံခြားရေးဝန်ကြီးများ အပြင်    ကာကွယ်ရေးဝန်ကြီးများပါ ပါဝင်တဲ့ အိန္ဒိယ-သြစတြေးလျဝန်ကြီး များအစည်းအဝေးအတွင်းမှာ အာဖဂန် ကိစ္စအပြင်      နိုင်ငံတကာရေကြောင်း        ပိုင်နက်အငြင်းပွားမှုကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ