နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ မြို့နယ်ကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေး

 ရန်ကုန်  စက်တင်ဘာ   ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ စက်တင်ဘာ ၁၃ ရက် နံနက် ၉ အချိန်ကစတင်၍ ကာကွယ်ဆေး ထိုးနှံပေးနေခြင်းကို  မြို့နယ်ကြက်ခြေနီအသင်းက လာရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 


ရှေးဦးစွာ ဆေးလာရောက်ထိုးနှံကြသော မိဘပြည်သူများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရှိစေရန် အတွက် သတ်မှတ်နေရာများအတွင်း စောင့်ဆိုင်းစေခြင်း၊ ဆေးထိုးရာ တွင်လည်း အခက်အခဲမဖြစ်ပေါ်စေရေး ဝိုင်းဝန်းကူညီပေးကြပြီး ရောဂါကာကွယ်ဆေးထိုးပြီးပါကလည်း သတ်မှတ်ထားသော နားနေ သည့်နေရာများသို့  ကူညီပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိ ကြောင်းသိရသည်။


ထို့ပြင် ရောဂါကာကွယ်ဆေးထိုးသူများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ရှင်းလင်းပြောပြကြပြီး ရောဂါကာကွယ် ဆေးထိုးသည့် အချိန်တိုင်း ကူညီဆောင်ရွက်ပေးနေမည့်ဖြစ်ကြောင်း                      မြို့နယ်ကြက်ခြေနီအသင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ