နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမ်းချောင်းမြို့နယ် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်း တစ်ရက်တာ ရပ်နား

ရန်ကုန်  စက်တင်ဘာ   ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၆ ရက်မှ စတင်ထိုးနှံပေး လျက်ရှိရာ  ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်တာရပ်နားခဲ့ပြီး စက်တင်ဘာ ၁၃ ရက်တွင် ပြန်လည်ထိုးနှံပေးခဲ့ သည်။

 

ယခုအခါ ဒုတိယအကြိမ် အ.ထ.က (၁)ကျောင်းတွင် ကာကွယ် ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၄ ရက်တွင် ၁ ရက် ထပ်မံရပ်နား ထားပြီး လာမည့် စက်တင်ဘာ ၁၅ ရက်မှစပြီး ကာကွယ်ဆေးများကို ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရပ်နား ထားသည့် စက်တင်ဘာ ၁၄ ရက်တွင် ကာကွယ်ဆေးထိုးနှံရန် ချိန်းဆိုထားသူများကို စက်တင်ဘာ ၁၅ ရက်တွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

(KS)






အခြားဆက်စပ်သတင်းများ