နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ် အောက်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင်များ ဖြန့်ဝေပေး

ရန်ကုန်  စက်တင်ဘာ   ၁၄


ရန်ကုန်တိုင်းဒေသကြီး   ဒလမြို့နယ်   အောက်ဆီဂျင်ထုတ် စက်ရုံလည်ပတ်ကာ ကျန်းမာရေးအတွက် အဓိကထား၊ အထောက် အကူပြုအောက်ဆီဂျင်များဖြန့်ဝေပေးနေခြင်းကို စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီက တွေ့ရသည်။


အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံမှ အောက်ဆီဂျင်များကို ဒလမြို့ ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးအတွက်လိုအပ်သည့် လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဆေးကုသခံမိဘပြည်သူများထံ အောက်ဆီဂျင် ဖြန့်ဝေပေးနေကြောင်း၊ ဒလမြို့နယ်အပြင် အခြားသောမြို့နယ်များမှ အကူညီတောင်းခံလာပါကလည်း     တစ်နေ့တာထွက်ရှိလာမည့် အောက်ဆီဂျင်အပေါ်မူတည်ကာ    ပြည်သူ့ကျန်းမာရေးအတွက် မျှဝေပေးနေကြောင်း   အောက်ဆီဂျင်လိုအပ်သူများမှလည်း စက်ရုံ ပြင်ဆင်မှု၊ လျှပ်စစ်ဓာတ်အားခများအပါဝင် ကုန်ကျစရိတ်များလည်း ရှိနေသည့်အတွက် လီတာ ၄၀ အိုးတစ်အိုးလျှင် ငွေကျပ် ၆၀၀၀၊ လီတာ ၂၀ အိုးတစ်အိုးလျှင် ၃၀၀၀ ကျပ်နှုန်း ကောက်ယူကာစနစ်တကျ အပ်နှံထားကြောင်း သိရသည်၊


ကျွန်တော်တို့ဒလမြို့နယ်က အောက်ဆီဂျင်ထုတ်စက်ရုံစတင် လည်ပတ်တဲ့နေ့မှစပြီး ကျန်းမာရေးအတွက်လိုအပ်တဲ့  မိဘပြည် သူတွေ အောက်ဆီဂျင်ရယူတဲ့အခါမှာ အခက်အခဲမရှိ လွယ်ကူ စိတ်ချမ်းမြေ့စွာရရှိခဲ့ကြပြီး လာယူကြတဲ့အောက်ဆီဂျင်အိုးအရွယ် အစားလိုက်ထည့်ဝင်ပေးရတဲ့ငွေကြေးကလည်းမများပါဘူး။ အလွယ် တကူရရှိမှုအတွက် အလှူငွေသဘောပါပဲ။ 


စက်ရုံရေရှည်ကြံ့ခိုင်ဖို့နဲ့ ကုန်ကျစရိတ်တွေလည်းရှိနေမှာလေ၊ ဒလမြို့နယ်တွင် အောက်ဆီဂျင် လွယ်ကူစွာရရှိစေရန် စက်ရုံတည်ဆောက်နိုင်ရေး စိတ်ထားကောင်း များဖြင့် စီမံဆောင်ရွက်ဦးဆောင်ပေးကြသူများ စက်ရုံအတွက် ပံ့ပိုးလှူဒါန်းပေးကြသည့်  ရပ်နီးရပ်ဝေး အလှူရှင်များအားလုံးကို လေးစားဂုဏ်ယူမိပါကြောင်း အောက်ဆီဂျင်လာရောက်ဖြည့်သွင်းသူတစ်ဦးက ပြောသည်။

အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ