နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်လကျော်ပိတ်ထားသည့်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးပြန်ဖွင့်

ရန်ကုန် စက်တင်ဘာ ၁၃


"ရန်ကုန်၊ မန္တလေးအပါအဝင်နယ်မြို့တစ်ချို့မှာရှိတဲ့  နိုင်ငံကူး လက်မှတ်ထုတ်ပေးတဲ့ ရုံးတွေကို ဒီကနေ့စက်တင်ဘာ ၁၃ ရက် မှာ စတင်ဖွင့်လှစ်လိုက်ပြီလို့ ပတ်စပို့စ်ရရှိရေးဝန်ဆောင်မှုပေး နေတဲ့အေဂျင်စီတွေက ပြောပါတယ်။ နေပြည်တော်ကနေ စာထုတ် တယ်လို့ ကြားပြီးကတည်းက ဖွင့်မယ်ဆိုပြီး ရုံးထဲကသတင်းရ တာပါ။ မနက်၆နာရီကတည်းက လူတန်းရှည်ကြီးစရှိနေတာ၊ အခုမနက်ခင်းမှာ တင်တန်းစီနေတဲ့လူက ၆၀၀ ကျော်လောက်ရှိနေပြီ"ဟု ပတ်စပို့စ် ဝန်ဆောင်မှုပေးနေသည့် အေဂျင်စီတစ်ခုက ပြောသည်။


"ဒါ့အပြင် နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးတွေကို  နှစ်လကျော် ကြာပိတ်ထားတဲ့အတွက် ရုံးပိုင်းဆိုင်ရာ အပြောင်းအလဲ၊ ငွေကြေး အပြောင်းအလဲနဲ့ တခြားအခက်အခဲ အပြောင်းအလဲတွေကိုတော့မသိရသေးဘူး"ဟု ပတ်စပို့အတွက် ဆောင်ရွက်ပေးနေသည့် အေဂျင်စီ များထံမှ သိရသည်။ လက်ရှိမှာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းမပေါ်ရှိ ပတ်စပို့စ်ရုံးမှာ လူရာချီတန်းစီနေပြီး လုံခြုံရေး တပ်ဖွဲ့အများအပြားက လုံခြုံရေးယူကာ  စောင့်ကြပ်ပေးလျက်ရှိ သည်။                                                          မောင်မောင်တာမွေ






အခြားဆက်စပ်သတင်းများ