နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တန်းမြို့နယ် စက်မှုဇုန် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများနှင့် လုပ်သားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့်လုပ်သား များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Sonovac) ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက သတ်မှတ် နေရာ ၃ နေရာ၌  ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကျောက်တန်းမြို့နယ် သီလဝါ အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံဝန်ထမ်းများ ၊ စက်မှုဇုန်ပြင်ပရှိ ဆန်စက်နှင့်အခြားလုပ်သားများကို ကျောက်တန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အထကကျောင်း မြိုင်သာယာ နှင့် ကမာကလုတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင်  လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် စုရပ်များခွဲကာ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။


ကျောက်တန်းမြို့နယ် စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို စက်တင်ဘာ ၇ ရက်မှ စတင် ထိုးနှံပေးရာ စက်တင်ဘာ ၁၂ ရက်အထိ သီလဝါ အထူးစီးပွားရေး ဇုန်အတွင်းရှိ စက်ရုံဝန်ထမ်းနှင့် စက်မှုဇုန်ပြင်ပရှိ ဆန်စက်နှင့် အခြားလုပ်သားစုစုပေါင်း ၁၆၅၁၅ ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများ ကို သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ 


ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၇  ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူ  ၃၈၄ ဦး၊ ဆေးကုသမှုခံယူနေသူ   ၄၀  ဦး နှင့် သေဆုံးသူ  ၄၃  ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ဆွေဝင်း (ကျောက်တန်း)မြို့နယ် ပြန်/ဆက်






အခြားဆက်စပ်သတင်းများ