နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟန်းမြို့နယ်၌ အခြေခံစားကုန်များရွေ့လျားစျေးကားဖြင့် ရောင်းချလျက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၃


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်တို့၏ဦးဆောင်မှုဖြင့် ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီ တွင်ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်း၊အမှတ် (၄၆) ရှိ သာသနာ့ရိပ်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင်လည်းကောင်း၊နံနက် ၈ နာရီတွင် ကိုယ့်မင်းကိုယ်ချင်းရပ် ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရွှေဂုံရိပ်မွန်အိမ်ရာတွင်လည်းကောင်း၊       နံနက် ၉ နာရီတွင်ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ တက္ကသိုလ်ရိပ်မွန်အိမ်ရာတွင်လည်ကောင်း၊ နံနက် ၁၀ နာရီတွင် ဆရာစံမြောက်အရှေ့ရပ်ကွက်၊ အရှေ့ဗဟိုလမ်းတို့တွင်လည်းကောင်း၊            ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့်ရောင်းချရေးမော်တော်ယာဉ်များ ဖြင့် မြို့နယ်နေပြည်သူများကို အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆိတ်သားနှင့် အမဲသားများ ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ 


ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည် ကျပ်၁၀၀၀ နှုန်းဖြင့် ၅ ပြည်အိတ်တစ်အိတ်ကို  ကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်းတစ်ပြည် ကျပ်၁၇၀၀နှုန်းဖြင့် ၅ ပြည်အိတ်တစ်အိတ်ကိုကျပ်၊ ၈၅၀၀နှုန်းဖြင့်လည်းကောင်း၊ကြက်ဥ ၁၀ လုံးတစ်ကတ် ၁၃၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဆိတ်သား ၁၀ ကျပ်သား ၁၂၀၀ မှ၂၀၀၀ ကျပ်အထိလည်ကောင်း၊ အမဲသား ၁၀ ကျပ်သား  ၁၂၀၀ မှ ၁၃၀၀ အထိလည်းကောင်း၊ ဆီ ၅၀ သားတစ်ဘူးကို ကျပ် ၁၈၅၀ကျပ်ဖြင့် လည်းကောင်း ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများ ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့် ( ပြန်/ ဆက်)






အခြားဆက်စပ်သတင်းများ