နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၃


ကျန်းမာရေးဝန်ကြီးဌာန သည်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဦးတည်အုပ်စုများ သတ် မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ 


ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Sinopharm   အမှတ်တံဆိပ် ကာကွယ်ဆေးအကြိမ်ရေ   ၂၄  သန်း စာချုပ်ချုပ်ဆိုဝယ်ယူထား သည့်အနက်  ကာကွယ်ဆေး အကြိမ်ရေ    လေးသန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့      စက်တင်ဘာ ၁၂ ရက်  ညနေ ၄ နာရီခွဲတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး    ကုသရေး၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှူး ဦးဆောင်သည့်အဖွဲ့မှလက်ခံ ရယူခဲ့သည်။ အဆိုပါကာကွယ် ဆေးများကို     စက်တင်ဘာ ၁၃ ရက်မှစ၍ တိုင်းဒေသကြီး၊ပြည် နယ်များသို့    မြေပြင်ခရီးလမ်း ကြောင်းမှလည်းကောင်း၊ တပ်မ တော် (လေ) ၏   အကူအညီဖြင့် လေကြောင်းခရီးမှ    လည်း ကောင်း  အအေးလမ်းကြောင်း မပျက် ဆက်လက်ဖြန့်ဝေသွား မည်ဖြစ်ပြီး  ပြည်သူများအား သတ်မှတ်ဦးစားပေးအုပ်စုနှင့် ဦးစားပေး အစီအစဉ်များအလိုက် အမြန်ဆုံး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း    သိရသည်။ 


ယခု   ရောက်ရှိလာသော ကာကွယ်ဆေးများကို    မူလ ဦးတည်အုပ်စုများနှင့်    ဦးစားပေး အစီအစဉ်များအပြင်  ယခင်က အသက် ၆၅ နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများအုပ်စုအား   အသက်   ၅၅ နှစ် နှင့်   အထက်သို့  တိုးချဲ့ခြင်း၊ ထပ်မံ၍     ဦးတည်အုပ်စုအသစ် များ     တိုးချဲ့ခြင်းအနေဖြင့် မသန်စွမ်းသူများအုပ်စု၊   တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအုပ်စု၊ နာတာရှည် ရောဂါအခံရှိသူများအုပ်စု၊ ကယ် ဆယ်ရေးစခန်းများနှင့်ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိသူ များအုပ်စုတို့ကို ထပ်မံထည့်သွင်း ထိုးနှံပေးသွားမည် ဖြစ်သည်။

KKT






အခြားဆက်စပ်သတင်းများ