နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် ရဟန်းသံဃာတော်များ ကိုဗစ်−၁၉ ရောဂါ ကုသဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၃


ကိုဗစ်− ၁၉ ရောဂါခံစား နေရသော ရဟန်းသံဃာတော် များအား ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံတွင် တက်ရောက်    ဆေးကုသမှု ခံယူနိုင်ရေးအတွက်  ဇူလိုင် ၂၆ ရက်မှစ၍    ဆေးရုံဖွင့်လှစ်ကာ ရဟန်းသံဃာတော်များကို ကုသ ပေးလျက်ရှိသည်။ ထိုသို့ဆေးရုံ တက်ရောက်      ကုသနေ        သည့် ရဟန်းသံဃာတော်များကို   ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ကြီးကြပ်မှု၊  ကျန်းမာရေး ဝန်ကြီးဌာန၏  ကိုယ်စားလှယ် အဖွဲ့နှင့်        ရန်ကုန်တိုင်းဒေသ ကြီး   ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး    ကုသရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတို့ကို စီမံဆောင်ရွက် ပေးလျက်ရှိသည်။   


အဆိုပါ   ဆေးရုံတက် ရဟန်းသံဃာတော်များအတွက် လိုအပ်သော အောက်ဆီဂျင်အိုး များ၊ ဆွမ်း၊ ကွမ်း စသည့်အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များ   အဆင် ပြေ  ချောမွေ့စေရေးအတွက်     သာသနာရေးနှင့်   ယဉ်ကျေးမှု ဝန်ကြီးဌာန   သာသနာရေးဦးစီးဌာနမှ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအသီးသီး ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။  


အောက်ဆီဂျင်များကို အချိန်မီရရှိရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် လှိုင်သာယာမြို့နယ်ရှိ 2000 အောက်ဆီဂျင်စက်ရုံ၊ ရွှေပြည်သာမြို့နယ်ရှိ Unity အောက်ဆီ ဂျင်စက်ရုံ၊ ကမာရွတ်မြို့နယ်ရှိ ဆင်မလိုက်သင်္ဘောကျင်း အောက် ဆီဂျင်စက်ရုံများသို့ သာသနာရေးဦးစီးဌာနပိုင် မော်တော်ယာဉ်များ ဖြင့် နေ့စဉ်သွားရောက်ထုတ်ယူကာ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံ တာဝန်ကျဆရာဝန်များထံ အပ်နှံပေးလျက်ရှိရာ စက်တင်ဘာ လဆန်းပိုင်းထိ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၄၁၀ လုံး ထုတ် ပေးခဲ့ပြီးဖြစ်သည်။  ဇူလိုင် ၂၆ ရက်မှ စက်တင်ဘာ ၃ ရက်ထိ ဆေးရုံ တက် သံဃာတော် ၂၀ ပါးရှိပြီး ယင်းသံဃာတော် ၂၀ ပါးအနက် ဆေးရုံဆင်း ၁၀ ပါး၊ ပျံလွန် ၆ ပါးနှင့် လက်ရှိကုသဆဲ ၄ ပါးရှိခဲ့ ကြောင်း သိရသည်။ 


ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသလျက်ရှိသော ရဟန်းသံဃာ တော်များအတွက် လှူဒါန်းလိုပါက ဖော်ပြပါဖုန်း နံပါတ်များ ဖြစ်သည့် ဦးနိုင်အောင်မိုး ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန (ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့ သံဃာ့ ဆေးရုံ)ဖုန်း-၀၉၄၄၅၅၆၀၀၀၆ သို့လည်းကောင်း၊ ဦးသန်းအေးအောင် ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန (အဖွဲ့ဝင်၊ ဘဏ္ဍာရေးဆပ် ကော်မတီ၊ ကမ္ဘာအေးဗုဒ္ဓသာသနာ့သံဃာ့ဆေးရုံ) ဖုန်း-၀၉၄၂၀၇၀ ၁၄၅၄ သို့လည်းကောင်း၊  ဦးရဲထွဋ်ဒုတိယညွှန်ကြားရေးမှူး၊ သာသနာ ရေးဦးစီးဌာန(အတွင်းရေးမှူး၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ကမ္ဘာအေး ဗုဒ္ဓသာသနာ့သံဃာ့ ဆေးရုံ) ဖုန်း- ၀၉၅၀၅၈၆၁၀ သို့လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပြီဖြစ်သည်။                                      (WP)






အခြားဆက်စပ်သတင်းများ