နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ်၌ စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်သမားများကိုပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန် စက်တင်ဘာ ၁၃


ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မဖြစ်ပွားစေရေးနှင့် တားဆီး ကာကွယ် နိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ စက်မှုဇုန်ပြင်ပ စက်ရုံ၊အလုပ် ရုံ အလုပ်သမားများ၊ နေ့စား ဝန်ထမ်းများနှင့် အလုပ်သမား များကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ  စားသောက် ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်များ၊ သမ္ဗန်ဆိပ်များ၊ ငွေစု/ ငွေချေး လုပ်ငန်းများ၊ စက်သုံးဆီဆိုင် များ၊ ငါးဒိုင်များ၊ ဆန်စက်များ၊ လျှပ်စစ်ရုံး နေ့စားဝန်ထမ်းများ၊ အနှေးယာဉ်ဂိတ်များ၊ လွန်း ကျင်းများ၊ သင်္ဘောကျင်း နေ့စား ဝန်ထမ်းများ စုစုပေါင်း ၃၅၂ ဦးတို့ကို ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက နံနက် ၉ နာရီမှ စတင်၍ မွန်းလွဲ ၃ နာရီအထိ ထိုးနှံ ပေးသွားမည်ဖြစ်ပြီး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် ကြက်ခြေနီအသင်းမှ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်း ကူညီဆောင်ရွက်ပေး လျက်ရှိသည်။


ဒလမြို့နယ်၌ ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံမှုတွင် အသက် ၆၅ နှစ် အထက် သက်ကြီး ရွယ်အို  ၈၈၀ ဦး၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်း ၃၉ ဦး၊ Volunteer၊ ပရဟိတ ၃၈၆ ဦး၊ ဘိုးဘွား ရိပ်သာ ၆ ဦး၊ ဘုန်းကြီးကျောင်း၊ သီလရှင်၊ ကျောင်း ၁၇၆ ပါး၊ နိုင်ငံ့ဝန်ထမ်း ၄၈၈ ဦး၊ နိုင်ငံ့မှ ဝန်ထမ်းမိသားစု ၈၁၅ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း ၄၄ ဦး၊ ပုဂ္ဂလိကစက်ရုံ၊အလုပ်ရုံ ၂၄၉ ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၂၅ ဦး၊ အကျဉ်း၊ အချုပ်သား ၁၃ ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း  ၆၀၁ ဦး၊ Super Market၊ ဈေး ၁၆၀၃ ဦး၊ စုစုပေါင်း ၅၃၁၉ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။   နိုင်လင်းကျော်(IPRD)






အခြားဆက်စပ်သတင်းများ