နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် ညှိနှိုင်းဆွေးနွေး

ရန်ကုန် စက်တင်ဘာ ၁၃


ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၁၁ နာရီတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရတနာလမ်းရှိ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး အဖွဲ့ရုံးသို့ သွားရောက်၍ ရန်ကုန်တိုင်း ဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည် တင် နှင့် အမှုဆောင်အရာရှိ များ၊ တာဝန်ခံ အင်ဂျင်နီယာများနှင့် တွေ့ဆုံကာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မှုများ နှင့် ပတ်သက်၍ ညှိနှိုင်း အစည်းအဝေးပြုလုပ်သည်။ 


ရှေးဦးစွာ ဝန်ကြီးမှ အဖွင့် အမှာစကား ပြောကြားရာတွင်  "ယနေ့သည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ညွှန်ကြား ချက်ဖြစ်သော ဌာနအလိုက် ဝန်ထမ်းများ၏ အင်အား တစ်ဝက်သည် နှစ်ပတ်ရုံးတက် ၍ ကျန်အင်အား တစ်ဝက်သည် နှစ်ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်း များ ဆောင်ရွက်သည့်စနစ်ဖြင့် ရုံးများပြန်လည် တက်ရောက် သည့် အစနေ့ဖြစ်ရာ ညွှန်ကြား ချက်နှင့်အညီ နှစ်ပတ်အိမ်တွင် နေသည့်အချိန်၌ မိမိတို့နေထိုင် ရာ အဝန်းအဝိုင်း၊ အိမ်၊ အဆောင်၊ ရိပ်သာ၊ အိမ်ရာအတွင်း၌သာ နေထိုင်၍ ရုံးလုပ်ငန်းဆောင် ရွက်ရန်ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်နှင့် ဈေးဝယ် ခြင်းတို့မှလွဲ၍ ပြင်ပသို့လုံးဝ (လုံးဝ) သွားလာခြင်းမပြုရန်၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ခရီးသွားလာရန်ရှိပါ က တာဝန်ရှိသူ အဆင့်ဆင့်၏ ခွင့်ပြုချက်ဖြင့်သာ သွားလာရန်၊ ဝန်ထမ်းများ မိမိတို့ နေထိုင်ရာ အဝန်းအဝိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးကို ကျော်လွန်၍ ခရီး သွားလာပါက အဆိုပါ ဝန်ထမ်း နှင့် တာဝန်ရှိသူများကို ထိရောက် စွာ အရေးယူသွားမည်ဖြစ်၍ အရာရှိများ အနေဖြင့်လည်း မိမိတို့ ဝန်ထမ်းများ နေထိုင်ရာ နေရပ်ဒေသများတွင် ရှိ၊ မရှိ ကြီးကြပ်ကွပ်ကဲရန်ဖြစ်ကြောင်း၊ မြို့နယ်များမှာ ကျေးလက်များ နှင့် ဆက်စပ်နေသဖြင့် လုံခြုံရေး အထူး ဂရုပြုဆောင်ရွက်ကြ ရန်လိုကြောင်း၊အလုပ်သမား အများစုမှာ အခြား နယ်မြေများ မှ လာရောက်နေထိုင် လုပ်ကိုင် ကြရပြီး အိမ်ထောင်စုစာရင်း မရှိသဖြင့် မိမိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများ မှာ ဧည့်စာရင်း တိုင်ကြားရေး ကြပ်မတ်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေး နှစ် ကုန်ဆုံးချိန်တွင် စီမံချက် လုပ်ငန်းများ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက် နေကြသဖြင့် ဝန်ထမ်းများမနား မနေ  လုပ်ကိုင်နေရသည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းများ ကို စာရင်းရှင်းလင်းရာတွင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာ ဆောင် ရွက်ကြဖို့ မှာကြားလိုကြောင်း၊" ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်မှ မြို့နယ်စည်ပင် သာယာရေးအဖွဲ့များ၏၂၀၂၀- ၂၀၂၁ခုနှစ် ဝန်ထမ်း ခွင့်ပြု၊ လျာထား၊ လစ်လပ်မှုများ၊ ဘဏ္ဍာရေးနှစ် ရန်ပုံငွေလျာ ထားမှုနှင့် ကောက်ခံမှု၊ငွေလုံး ငွေရင်း အသုံးစရိတ်သုံးစွဲမှု၊ သာမန်အသုံးစရိတ် သုံးစွဲမှု၊ ဘတ်ဂျက်လျာထားမှုများ၊ မြို့ပြ လမ်းများ အကောင်အထည် ဖော်ဆောင်ရွက် ပြီးစီးမှုအခြေ အနေများကို  ရှင်းလင်းတင်ပြ ပြီး လိုအပ်သည်များကို ဝန်ကြီး က မှာကြားသည်။


ယင်းနောက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိများမှ စည်ပင်သာယာ ရေး လုပ်ငန်းများ အကောင် အထည်ဖော် ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ဝန်ကြီးမှ “မြို့နယ်များ သန့်ရှင်းသာယာ သပ်ရပ်ရေး အတွက် မြို့နယ် စည်ပင် သာယာရေးအဖွဲ့များ ၏ လုပ်ဆောင်မှုသည်အထူး ကောင်းမွန်ကြောင်း၊ ယခုရာသီ တွင် လေပြင်းထန်စွာ တိုက်ခတ် မှုကြောင့် သစ်ပင်ကြီးများလဲပြီး လမ်းပိတ်ဆို့ခြင်း၊ နေအိမ်များ ပေါ် ကျရောက်ပျက်စီးခြင်း များ ဖြစ်ပေါ်သဖြင့်အပင်ကြီး များကို ဝိတ်လျှော့ ခုတ်ထွင် ရှင်းလင်းရန်နှင့် အကိုင်းအခက် အရွက်အလက်များကို စွန့်ပစ် ခြင်းမပြုဘဲ မြေဆွေးအဖြစ် အသုံးပြုရန်၊ မြို့များသန့်ရှင်း သပ်ရပ်စေရေးအတွက် သုသာန် များကို ခြံစည်းရိုးခတ်ရန်၊ မြို့နယ် ၁၂ မြို့နယ်မှာ ယခု ဘဏ္ဍာရေး နှစ်ကုန်အထိမြို့ပြ လမ်းပေါင်း ၂၆၈၅ လမ်း၊ အရှည် ၅၁၉ မိုင်ကျော် ရာခိုင် နှုန်းအားဖြင့် ၈၁ ဒသမ ၉၈ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးခဲ့ရာ မြို့နယ်များ၏ ဖွံ့ဖြိုးမှု အခြေအနေအရ  မြို့ပြ ပုံစံသို့ ပြောင်းလဲလာပြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်နှင့် မြို့ပြနယ်မြေ ဆက်စပ်လာသကဲ့သို့ လုပ်ငန်း အကောင် အထည်ဖော်ဆောင် ရွက်မှု များမှာလည်း တစ်ပုံစံ တည်း ဖြစ်လာသည်ကို တွေ့ရ သဖြင့် မြို့ပြနှင့် ကျေးလက်ပါ မကျန် သန့်ရှင်းသာယာ သပ်ရပ် ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်” ပြော ကြားပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - မိုးဝေ






အခြားဆက်စပ်သတင်းများ