နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်ပင်သာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်လုံခြုံရေးကိုအလေးထားဆောင်ရွက်ရန် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး မှာကြား

ရန်ကုန် စက်တင်ဘာ ၁၃


ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်  ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၉ နာရီက ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၂၁/၂၀၂၁)  ကို  ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အစည်း အဝေးခန်းမ(၄)၌ ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာ မြို့တော်ဝန်က "ယနေ့သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြား ချက် ဖြစ်သော နိုင်ငံ့ဝန်ထမ်း များနှစ်ပတ် ရုံးတက် နှစ်ပတ် အိမ်မှနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်သည့် စနစ်ဖြင့် ရုံးများပြန်လည် တက်ရောက် သည့်အစ နေ့ဖြစ်ရာ ညွှန်ကြား ချက်နှင့်အညီ နှစ်ပတ် အိမ် တွင်နေသည့် အချိန်၌ မိမိတို့ နေထိုင်ရာ အဝန်းအဝိုင်း၊ အိမ်၊ အဆောင်၊ ရိပ်သာ၊ အိမ်ရာ အတွင်း၌သာ နေထိုင်၍ ရုံး လုပ်ငန်း ဆောင်ရွက်ရန်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် ဈေးဝယ်ခြင်းတို့မှလွဲ၍ ပြင်ပသို့ လုံးဝ (လုံးဝ)သွားလာခြင်း မပြုရန်၊ အကြောင်းအမျိုးမျိုး ကြောင့် မဖြစ်မနေ ခရီးသွားလာရန်ရှိပါက တာဝန် ရှိသူအဆင့်ဆင့်၏ ခွင့်ပြုချက် ဖြင့်သာသွားလာရန်၊ ဝန်ထမ်း များ မိမိတို့ နေထိုင်ရာ အဝန်းအဝိုင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးကို ကျော်လွန်၍ ခရီးသွားလာပါက အဆိုပါ ဝန်ထမ်းနှင့် တာဝန်ရှိသူများက ထိရောက်စွာအရေးယူ သွားမည် ဖြစ်၍ အရာရှိများအနေဖြင့် လည်း မိမိတို့ဝန်ထမ်းများ နေထိုင်ရာ နေရပ်ဒေသများတွင် ရှိ/မရှိ ကြီးကြပ်ကွပ်ကဲရန်၊ ဝန်ထမ်းများအတွင်း အခြား အရပ် ဒေသများမှလာရောက် နေထိုင် အလုပ်လုပ်ကိုင်သူများ ရှိရာ အိမ်ထောင်စု စာရင်း မရှိပါက နေထိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ဧည့်စာရင်း တိုင်ကြားကြရန်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များအတွက် Online Payment ငွေပေးချေမှုစနစ်များ စနစ် တကျ ဖြစ်စေရေး e-Govern- ment အစည်းအဝေးခေါ်ယူ၍ သက်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များနှင့် ညှိနှိုင်းဆွေးနွေးရန်၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီရှိ Data Center ကိုလည်း ယခင်ကထက် ပိုမိုကောင်းမွန်အောင် ဆောင် ရွက်ရန်နှင့် ကိုဗစ်ကပ်ရောဂါ အပြင် ယခုအပတ်အတွင်း ဆန့်ကျင်ဘက်အဖွဲ့အစည်းများ ၏ ခြိမ်းခြောက်မှုအမျိုးမျိုးကို ရင်ဆိုင်ပြီး စည်ပင်သာယာ    ဝန်ထမ်းများသည် ပြည်သူ့    ဝန်ဆောင်မှုလုပ်ငန်းများနှင့် မြို့တော်သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများစသည့် စည်ပင် သာယာရေး လုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ကြရ သဖြင့် ကျန်းမာရေးနှင့် လုံခြုံ ရေးကို အထူးအလေးထားဂရုပြု ဆောင်ရွက်ကြရန်" တို့ကို မှာကြားသည်။


ဆက်လက်၍ ကော်မတီဝင် များနှင့် ဌာနမှူးများ၏ တင်ပြ ဆွေးနွေးမှု အပေါ် မြို့တော်ဝန်မှ လိုအပ်သည်များ မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အစည်းအဝေးကို နံနက် ၁၀ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း - သွင်မောင်မောင်

ဓာတ်ပုံ - မိုးဝေ






အခြားဆက်စပ်သတင်းများ