နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်ဒီဇင်ဘာလမတိုင်မီ တိုက်ကြီးမြို့နယ်ရှိ ကျေးရွာ ၃၄ ရွာ လျှပ်စစ်မီးရရှိမည်

ရန်ကုန်  မေ  ၂၇


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရန် နိုင်ငံတော်၏ လမ်းညွှန်မှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ တိုက်ကြီးမြို့နယ် ဥက္ကံ-တဘူးလှဆည် ကျေးလက်ဖွံ့ဖြိုးရေးလမ်းတစ်လျှောက်တွင် မီးတိုင်များကို စိုက်ထူလျက်ရှိ၍ ယခုနှစ် ဒီဇင်ဘာလမတိုင်မီ ကျေးရွာပေါင်း ၃၄ ရွာ လျှပ်စစ်မီးရရှိမည်ဖြစ်ကြောင်း  တိုက်ကြီးမြို့နယ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှသိရသည်။


တိုက်ကြီးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ကျေးရွာပေါင်း ၃၄ ရွာနှင့် ၂၀၂၀-၂၀၂၁ ပြည့်နှစ်တွင် ကျေးရွာပေါင်း ၄၆ ရွာ လျှပ်စစ်မီးရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ခရိုင်ချင်းဆက်လမ်းကို ဖြတ်သန်းထားသည့် ဥက္ကံ-တဘူးလှဆည် ကျေးလက်လမ်းတစ်လျှောက်ရှိ ကျေးရွာများလျှပ်စစ်မီးရရှိရန် ဥက္ကံ သကြားစက်ရှိ ဂုံညင်းတန်းကျေးရွာမှ ၉ မိုင် ၆ ဖာလုံရှိ ချောင်းစောက်ကျေးရွာထိ ကားလမ်းဘေးတစ်လျှောက် ဓာတ်တိုင်များကို စိုက်ထူပြီးစီးလျက်ရှိရာ တဘူးလှဆည်အခြေထိ ဆက်လက်စိုက်ထူလျက်ရှိသည်။


“တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုနဲ့ဆောင်ရွက်နေတဲ့ ကျေးရွာမီးလင်းရေး ဆောင်ရွက်ချက်မှာ တိုက်ကြီးမြို့နယ်က ကျေးရွာပေါင်း ၈၀ လည်း ပါဝင်ပါတယ်။ ဒီနှစ် ဒီဇင်ဘာလကုန်မှာ ဥက္ကံ-တဘူးလှဆည် ကျေးလက်လမ်းပိုင်းတစ်လျှောက် ကျေးရွာတွေအပါအဝင် ကျေးရွာ ၃၄ ရွာ လျှပ်စစ်မီးရရှိပါပြီ။ လာမယ့် ဘတ်ဂျက်နှစ်မှာလည်း ကျေးရွာ ၄၆ ရွာ မီးလင်းရေးကို တိုက်ကြီးသီးသန့်အဖြစ် ဆက်လက်ဆောင်ရွက်သွား မှာပါ။ လုပ်ငန်းမြန်ဆန်ဖို့အတွက် ကျေးလက်တွေမှာ မီးတိုင်တွေစိုက်တဲ့အခါမှာ ကျေးလက်ပြည်သူတွေ ပူးပေါင်းကူညီမှုဟာလည်း အထူးအရေးပါပါတယ်”ဟု တိုက်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ(မန်နေဂျာ)   ဦးအောင်ကျော်မြင့်က ပြောသည်။                                                                                                           


(၁၁၂)






အခြားဆက်စပ်သတင်းများ