နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆောက်အအုံသစ် မန္တလေးပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနရုံးအတွင်းတည်ဆောက်မည်

မန္တလေး  မေ  ၂၇


နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆောက်အအုံသစ်ကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်းကြားရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနရုံးဝင်းအတွင်းတွင် အမြန်ဆုံးတည်ဆောက် သွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများသည် မေ ၂၆ ရက် မွန်းလွဲ ၃ နာရီက တည်ဆောက်မည့်နေရာနှင့် ဗိသုကာပုံစံများအား ကြည့်ရှုစစ်ဆေးသည်။


အဆိုပါဓာတ်ခွဲခန်း အဆောက်အအုံသစ်တွင် COVID-19ရောဂါပိုးအပြင်အခြားရောဂါများပါ စစ်ဆေးနိုင် သော ဓာတ်ခွဲစက် ၃ စုံထားရှိမည်ဖြစ်သည်။

COVID-19 ရန်ပုံငွေရှာဖွေရေးကော်မတီမှ လှူဒါန်းသော အာစီ (၂)ထပ်ခွဲအဆောက်အဦအမျိုးအစားဖြစ်သည်။ အလျား ၆၉ ပေ၊အနံ ၅၈ ပေ စုစုပေါင်းကြမ်းခင်းဧရိယာ ၁၀ဝ၀ဝ စတုရန်းပေခန့် နှစ်ထပ်ခွဲတည်ဆောက်မည်ဖြစ်ပြီး အထက်မြန်မာနိုင်ငံအတွက် အားထားရမည့် နိုင်ငံတကာ အဆင့်မီရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကြီး ဖြစ်သည်။                                                  

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ