နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါဖြစ်စဉ်ဖြစ်ရပ်များနှင့် အစာဈေးနှုန်းမြင့်တက်နေမှုများကြောင့် ကြက်သားဈေးနှုန်းများ တစ်ဆခန့်မြင့်တက်လာ

မော်လမြိုင်ကျွန်း   မေ  ၂၇


COVID-19 ရောဂါဖြစ်စဉ်ဖြစ်ရပ်များနှင့် အစာဈေးနှုန်းမြင့်တက်နေမှုများကြောင့် ကြက်သားဈေးနှုန်းများ တစ်ဆခန့်မြင့်တက်လာခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့မှ  အသားစားကြက်မွေးမြူရေးလုပ်ငန်းပိုင်ရှင် ဒေါ်ခင်မာချိုထံမှ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်ဒေသသည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေသကဲ့သို့ ကြက်၊ ဘဲ၊ ဝက်စသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှထွက်ရှိနေသည့် ကြက်၊ ဘဲ၊ ဝက် များအား မြို့ပေါ်ဈေးကွက်၊ ဒေသတွင်းဈေးကွက်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပေးနေကြသည်။


ယခုအခါ COVID-19 ရောဂါဖြစ်စဉ်ဖြစ်ရပ်များနှင့် အစာဈေးနှုန်းများမြင့်တက်နေမှုများကြောင့် ကြက်သား ဈေးနှုန်းများမြင့်တက်လာခဲ့သည်။ မော်လမြိုင်ကျွန်းမြို့တွင် COVID-19 ရောဂါမဖြစ်ပွားမီအချိန်က ကြက်သားဈေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ်နှစ်ထောင့်ငါးရာကျပ်ဝန်းကျင်တင်သာရှိနေသော်လည်း မေလကုန်ပိုင်းတွင် ကြက်သားတစ်ပိသာလျှင် ငွေကျပ်လေးထောင့်ငါးရာမှ ငါးထောင်ကျပ်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထိုသို့ ကြက်သားဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းမှာ အသားစားကြက်မွေးမြူရေး လုပ်ငန်းများမှာ အစာဈေးနှုန်းများ မြင့်တက်နေသဖြင့် တွက်ခြေကိုက်မှုမရှိသောကြောင့် လုပ်ငန်းရပ်နားမှု များရှိနေသကဲ့သို့ COVID-19 ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် ဆက်လက်မွေးမြူရန်အခက်အခဲများကြောင့် ရပ်နားနေရမှုများလည်း ရှိနေသည်။ ထို့ကြောင့်ဒေသတွင်းတွင်  အသားစားကြက်များရှားပါးလာကာ ဈေးနှုန်း များမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


၂၀၂၀ ပြည့်နှစ် မေ  ၂၅ ရက်က ရန်ကုန်မြို့ ကြက်ဈေးကွက်၌ အသားတိုးမွေးမြူရေး ကြက်ခြံဖမ်း ဈေးတစ်ပိဿာလျှင် ငွေကျပ် ၃၈၀၀ ကျပ်မှ  ၃၉၀၀ ကျပ်၊ မွေးမြူရေးကြက်ထီးခြံ ဖမ်းဈေးနှုန်းတစ် ပိဿာလျှင် ငွေကျပ် ၃၃၀ဝ ကျပ်၊ မွေးမြူရေးကြက်မကြက်ခြံဖမ်းဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ် ၃၄၀ဝ ကျပ်၊ တိုင်းရင်းကြက်ခြံဖမ်းဈေးနှုန်းတစ်ပိသာလျှင် ငွေကျပ်  ၇၀ဝ၀ ကျပ်နှင့် ဘဲခြံဖမ်းဈေးနှုန်းတစ်ပိဿာလျှင် ငွေကျပ်  ၃၉၀ဝ ကျပ် မှ ၄၀ဝ၀ ကျပ် ပေါက်ဈေးရှိနေကြောင်းသိရသည်။                                                               


ကိုသာစစ်






အခြားဆက်စပ်သတင်းများ