နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ HandMed Portable X-Ray machine နှင့် အလှူငွေများလှူဒါန်း

ရန်ကုန်  မေ  ၂၇


အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Coronavirus Disease  COVID-19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ စုပေါင်း လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ HandMed Portable X-Ray machine သည် JLK Inspiration ကုမ္ပဏီမှထုတ်လုပ်သည့် ပစ္စည်းဖြစ်ပြီး ကိုရီးယားနိုင်ငံသုံးငွေဝမ် ၃၄၀ သိန်း (မြန်မာကျပ်ငွေ ၃၈၄ သိန်းခန့်)  တန်ဖိုးရှိသည်ဟု သိရသည်။ အဆိုပါ HandMed Portable X-Ray machine နှင့် အလှူငွေဝမ်  ၃၇ ဒသမ ၅၀ သိန်း (မြန်မာငွေ ၄၂ ဒသမ ၂၇ သိန်းခန့်) ကိုလည်း ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ HandMed Portable X-Ray machine နှင့်အလှူငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် ဦးဆောင်သည့် တာဝန်ရှိသူများမှ ၂၀၂၀ ပြည့်နှစ် မေ  ၂၅ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ သွားရောက် လှူဒါန်းခဲ့ရာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး-၂၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူခဲ့ပြီး အဆိုပါ လှူဒါန်းမှုအတွက် ပြည်ထောင်စုဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့စဉ်။                                                                                                                                                 


ကိုသာစစ်






အခြားဆက်စပ်သတင်းများ