နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ မော်ရင်ဟိုနှင့် နူနိုဆန်းတို့စ်ကွာဟမှုကို ပြောပြသည့် လူးကပ်စ်မော်ရာ

 စက်တင်ဘာ ၁၁


စပါးအသင်းကစားသမားဖြစ်သည့် လူးကပ်စ်မော်ရာက နည်းပြဟောင်း မော်ရင်ဟိုနှင့်   လက်ရှိနည်းပြ နူနိုဆန်းတို့စ်တို့အကြား  ကွာဟမှု အကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။

စပါးအသင်းသည် နူနိုဆန်းတို့စ်၏ ဦးဆောင်မှုအောက်တွင် ပရီးမီးယားလိဂ် သုံးပွဲကစားပြီးချိန်မှာ သုံးပွဲစလုံး အနိုင် ရရှိပြီး အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်သည်။


ဘရာဇီး ESPN မှတစ်ဆင့် လူးကပ်စ်မော်ရာက "နည်းပြဟောင်း မော်ရင်ဟိုအနေနဲ့ အသင်းကိုတောင့် တင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် စွမ်းဆောင်ခဲ့ပေမယ့် နူနိုဆန်းတို့စ်ရဲ့ လက်ထက်မှာ အသင်းရဲ့စွမ်းဆောင် ရည်က ပိုကောင်းခဲ့ပါတယ်။ 


လက်ရှိ နည်းပြက စကားကိုလည်း ဖြေးဖြေးပြောဆိုနိုင်တာကြောင့် သူရဲ့ လက်အောက်မှာ ကစားသမားတွေ အနေနဲ့ ကစားရတာ ပိုပြီးသက်သောင့် သက်သာရှိပါတယ်"ဟု ပြောကြားခဲ့ သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ