နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချယ်လ်ဆီးအသင်းက ပူလီဆစ်ကို သီးသန့်လေယာဉ်ဖြင့် ပြန်လည်ခေါ်ယူ

စက်တင်ဘာ ၁၁


ချယ်လ်ဆီး   အသင်းသည် အမေရိကန်   လက်ရွေးစင်အသင်း အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲသွား ရောက် ယှဉ်ပြိုင်နေသည့် တိုက်စစ် ကစားသမား ပူလီဆစ်ကို သီးသန့် လေယာဉ်ဖြင့်   ပြန်လည်ခေါ်ယူခဲ့ ကြောင်း သိရသည်။ 


ပူလီဆစ်အနေဖြင့် အသင်းနှင့် အမြန်ဆုံး ပြန်လည်ပူးပေါင်းနိုင်ရန် ချယ်လ်ဆီးအသင်းက ယခုကဲ့သို့စီစဉ် ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်အသင်း သည် နောက်ဆုံး  ပွဲစဉ် ကို ဟွန်ဒူးရပ်စ် နိုင်ငံတွင်   ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းက ဟွန်ဒူးရပ်စ်အထိ လေယာဉ်စေလွှတ်ကာ ပူလီဆစ်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။


ပူလီဆစ်သည်  ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယား လိဂ်ပွဲစဉ်အဖြစ် တစ်ပွဲသာ ပါဝင်ကစား ခွင့်ရရှိထားသူဖြစ်ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားကြောင်း သိရသည်။

 (သူရိန်)






အခြားဆက်စပ်သတင်းများ