စက်တင်ဘာ ၁၁
ပရီးမီးယားလိဂ်တွင် နွေရာသီ အပြောင်းအရွှေ့အတွင်း ငွေကြေးအများ ဆုံး အသုံးပြုခဲ့ပြီး ကစားသမားအများ အပြား ခေါ်ယူထားခဲ့သည့် အာဆင်နယ် အသင်း၏နည်းပြ အာတီတာက အသင်းသားများအနေဖြင့် ပြောင်းရွှေ့ ကြေးနှင့်ညီသည့် ခြေစွမ်းမျိုးပြသရန် သတိပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အာဆင်နယ် အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲကစားအပြီး သုံးပွဲစလုံး ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယား၏ အောက်ဆုံးနေရာ ကို ရောက်ရှိနေသောကြောင့် ဖိအား များဖြင့် ရင်ဆိုင်နေရသည့်အသင်း လည်း ဖြစ်သည်။
အာဆင်နယ်နည်းပြ အာတီတာက "အသင်းကို ပထမဦးစားပေးကာကွယ် ရမှာဖြစ်ပြီး အသင်းသားတွေကို ဆက်ပြီး ကာကွယ်ရမှာပါ။ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ ကစားသမားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးမှုတွေ ပြုလုပ် ရပါမယ်။ ကစားသမားတွေအနေနဲ့ အသင်းနဲ့ အမြန်ဆုံးပူးပေါင်းပြီး မိမိရဲ့ တန်ဖိုးနဲ့ညီမျှတဲ့ ခြေစွမ်းမျိုးပြသဖို့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
(သူရိန်)