နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုမြို့နယ်မြိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရ

နောင်ချို မေ ၂၆


 မေ ၂၅ ရက်၊ နေ့လယ်  ၃ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ လွန်းကျော်ကျေးရွာအနီး၊ မူဆယ် - မန္တလေးကားလမ်းတွင်  ကျော်ကိုလတ် မောင်းနှင်ပြီး စိုင်းရဲကျော်သူ(ခ)စိုင်းတူးနှင့် မသီတာခင် တို့လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ မော်တော်ယာဉ် အတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၄၄ ကီလို၊ ငွေ ၅၀၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းရဲကျော်သူ(ခ)စိုင်းတူး(၃၈)နှစ်၊ မသီတာခင်(၃၆)နှစ်၊ ကျော်ကိုလတ်(၃၇)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။ 


အလားတူ မေ ၂၄ ရက်၊ ညနေ  ၄ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ မြိုင် - ပခုက္ကူသွားကားလမ်း၊ မိုင်တိုင်အမှတ်(၂၅/၇) အနီးတွင် မျိုးဆွေ မောင်းနှင်လာသည့် AD Van အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ၎င်းလွယ်ထားသော သားရေအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၇၇ ပြား၊ ငွေ ၂၀၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် မြိုင်မြို့နယ်၊ ကြက်မောက်အုပ်စု၊ သန်းနုတောကျေးရွာနေ မျိုးဆွေ၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၁၉ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မျိုးဆွေ(၃၅)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ