နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နတ်တလင်းမြို့နယ်အတွင်းရှိ Quarantine များမှ စောင့်ကြည့်ခံလူများအားလုံးကျန်းမာလျက်ရှိ

နတ်တလင်း  မေ  ၂၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ Quarantine Center များတွင်ထားရှိ သောစောင့်ကြည့်ခံလူများအားလုံး မေ ၂၅ ရက်အထိ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ နတ်တလင်းမြို့နယ်တွင် Quarantine Center ၇ ခုထားရှိရာ တာပွန်မြို့ ငါးထပ်ကြီးဘုရားဓမ္မာရုံတွင် ၁၅ ဦး၊ ကရင်ကုန်း​ကျေးရွာအထကတွင် ၂၂ ဦး၊ နတ်တလင်းမြို့နယ် မန္တလေးကျောင်းတိုက်တွင် ၆ ဦး၊ အောင်ဇေယျာကျေးရွာ ပြည်သူ့ဆေးရုံဟောင်းတွင် ၅ ဦး၊ ကြိုးကြာကန်ကျေးရွာ အထကတွင် ၄ ဦး၊ အုတ်ရှစ်လှကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တစ်ဦးနှင့် ပဲမခမ်းကျေးရွာ အထကတွင်၂ ဦးဖြစ်ပြီး စုစုပေါင်း ၅၅ ဦးဖြစ်ကာ စောင့်ကြည့်ခံသူများအားလုံး ကျန်းမာလျက်ရှိကြောင်း သိရသည်။                

ဝင်းမြင့် (နတ်တလင်း)






အခြားဆက်စပ်သတင်းများ