နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလ နှလုံးရောဂါရှိသူများအတွက် သက်စောင့်ဓာတ်(ဗီတာမင်ကေ)

နှလုံးရောဂါသည် တစ်ကမ္ဘာလုံး၏ အဖြစ် များဆုံး ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ် ရလာသည်နှင့်အမျှ ကြုံတွေ့လာနိုင်သည့် ရောဂါတစ်မျိုးဖြစ်သည်။ နှလုံးနှင့်နှလုံးသွေး ကြောဆိုင်ရာ ရောဂါများကြောင့် သေဆုံးမှု များ လျှော့ချရန် အဖြစ်များသော နှလုံးသွေး ကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် ယင်း ရောဂါနှစ်မျိုးကြောင့်  လေဖြတ်နိုင်သော အလားအလာကို လျှော့ချနိုင်ရန် စသည့် ကျန်းမာသုတဆိုင်ရာ  အချက်အလက်များကို လူအများသိရှိလာကြပြီး ကျန်းမာရေးအသိ၊ သတိဖြင့် သိရှိဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၁၉၅၀ ပြည့်နှစ်ကစပြီး နှစ်စဉ်စက်တင်ဘာ ၂၉ ရက်နေ့ကို“ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” (World Heart Day) အဖြစ် အထူးတလည် သတ်မှတ်ထားသည်။ 


ယခု ၂၀၂၁ ခုနှစ်သည် World Heart Federation (WHF) ကမ္ဘာ့နှလုံးရောဂါဆိုင်ရာ အဖွဲ့ကြီးတည်ထောင်မှု ၄၃ နှစ်မြောက် လည်း ဖြစ်ပါသည်။ ထိုအဖွဲ့ကြီးတွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၂၀ဝ ကျော်ရှိသည်။ ကမ္ဘာ့လူသားများ မိမိတို့နှလုံးတွေကို အထူးဂရုပြု ထိန်းသိမ်း စောင့်ရှောက်ရန်၊ ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှု လျှော့ချရန်၊ အဝလွန်မှုကို တိုက်ဖျက်ရန် စသည်တို့အပြင် ကလေးငယ် များတွင် ဖြစ်ပွားတတ်သော မွေးရာပါလေးဖက် နာရောဂါနှင့် နှလုံးရောဂါများမှ ကာကွယ်နိုင် ကြရန်စသည့် ကျန်းမာသုတဆိုင်ရာ ပညာပေး မှုများစွာတို့ကိုလည်း WHF က ဆောင်ရွက် လျက်ရှိသည်။ 


လူတစ်ဦးမှတစ်ဦးသို့ မကူးစက်တတ်သော နာတာရှည်ရောဂါများတွင် နှလုံးရောဂါလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါမကူးစက် တတ်သော ရောဂါများကလည်း လူ့ဘဝ သက်တမ်းကို တိုတောင်းစေသဖြင့် အန္တရာယ်ရှိသည့် ရောဂါဖြစ်ကြောင်း ၂၀ရာစု နောက်ပိုင်းမှစ၍ ဆေးပညာရှင်များက သတိပြုလာခဲ့ကြသည်။ ထို့ပြင် နှလုံးရောဂါက ဆီးချို၊ သွေးတိုး၊ လေငန်း ရောဂါတို့နှင့် ဆက်နွယ်နေသည့်အတွက် မပေါ့ဆဖို့လိုပါ သည်။ သုတေသနရလဒ်များအရအောက်ပါ အတိုင်းလေ့လာသိရှိရသည်။


ယခင်က       နှလုံးလုပ်ငန်းဆောင်တာ 

ပျက်စီးမှု (Heart Failure)  ရှိခဲ့ ဖူးသူက 

ကိုဗစ် - ၁၉    ရောဂါကာလအတွင်း 

သေဆုံးနိုင်ခြေ  ၂ ဒသမ  ၉ ဆ ပိုများ 

ကြောင်း၊ 


ယခင်က နှလုံးသွေးကြော   ပိတ်ဆို့မှု 

(Myocardial Infarct)                   ရှိခဲ့ဖူးသူက 

ကိုဗစ်-၁၉    ရောဂါ      ကာလအတွင်း 

သေဆုံးနိုင်ခြေ    ၁    ဒသမ    ၁၁   ဆ 

ပိုများကြောင်း၊ 


ယခင်က လေဖြတ်ဖူးသူက ကိုဗစ်-၁၉ 

ရောဂါ  ကာလအတွင်း   သေဆုံးနိုင်ခြေ 

၂ ဒသမ ဝ၂ ဆ ပိုများကြောင်း၊


အမျိုးအစား-၂       ဆီးချိုရောဂါရှိသူချင်း 

အတူတူမှာပင်          အမျိုးသားများက 

အမျိုးသမီးများထက်          သေဆုံးနိုင်ခြေ 

၁   ဒသမ   ၆၁   ဆ       ပိုများကြောင်း 

စသည်ဖြင့် တွေ့ရသည်။


ထို့ကြောင့် ဖော်ပြပါ မကူးစက်တတ်သော ရောဂါရှိသူများနှင့် ယင်းမိသားစုဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါမဖြစ်အောင် အထူးသတိပြု၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကြိုတင် ကာကွယ်ပြုမူနေထိုင်သင့်ပေသည်။


နှလုံးအတွက် အရေးပါသောဗီတာမင်ကေ။


ကိုဗစ်ကာလမှာ ဗီတာမင်ကေကို နှလုံးရောဂါရှိသူများ သောက်သုံးနေကြသည်။ အမေရိကန်နိုင်ငံ Heart Association ၏ သုတေသနတွေ့ရှိချက်များအရ ဗီတာမင်ကေက နှလုံးအတွက် အရေးပါပုံကို ယခုလိုသိရသည်။ လူ့သက်တမ်းအရွယ် ၆၀ ကျော်လျှင် အများစုက ခန္ဓာကိုယ်၏ ပင်မသွေးကြောထဲတွင် ကယ်လ်စီယမ်စုပြုံမှုများ တစ်စထက်တစ်စ ပိုများလာသည်။ ထိုသို့ ကယ်လ်စီယမ်စုပြုံမှုများ နေခြင်းကြောင့် ပင်မသွေးကြောမှာ ကျုံ့နိုင်၊ ဆန့်နိုင်သော အင်အားတဖြည်းဖြည်းနည်းလာပြီး သွေးကြောတောင့်တင်းလာသည်။ ထိုအခါ သွေးတိုးရောဂါဖြစ်ခြင်း၊ နှလုံးအဆို့ပေါက်ကျဉ်း လာခြင်းနှင့်အတူ နှလုံးသို့ စီးဆင်းနေသော သွေးများမသွားနိုင်တော့ဘဲ နှလုံးသွေးကြော ပိတ်ဆို့ခြင်းဖြစ်လာသည်။ ထိုအခြေအနေမျိုး အတွက် ဗီတာမင်ကေကို ဖြည့်စွက်စာအဖြစ် သောက်သုံးပေးရပါသည်။


ဗီတာမင်ကေချို့တဲ့ခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ။


ဝမ်းသွားလျှင် သွေးပါခြင်း၊ ဆီးသွား လျှင် သွေးပါခြင်း၊ ဓမ္မတာရာသီ လွန်စွာဆင်း ခြင်း၊ တစ်စုံတစ်ရာ ထိခိုက်မိရုံမျှဖြင့် ရောင်ကိုင်း လာပြီး အညိုအမည်းစွဲခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းသွေးယိုစိမ့်ခြင်း၊ ပွန်းရှဒဏ်ရာ ရပါက သွေးထွက်လွယ်ခြင်း စသည်တို့သည် ဗီတာမင်ကေချို့တဲ့သော လက္ခဏာများဖြစ်ကြ သည်။ ထို့ပြင် ဦးနှောက်၊ နှလုံးစသည့် သွေးကြောများ သွေးခဲခြင်းမဖြစ်စေရန် ကင်ဆာ ရောဂါမှ ကာကွယ်ရန်၊ အယ်လ်ဇိုင်းမား(ခေါ်) ဦးနှောက် ဇရာအကြိုရောဂါနှင့် သူငယ်ပြန် ရောဂါတို့မဖြစ်စေရန်၊ အရိုးပွရောဂါနှင့် နှလုံး ရောဂါမှ ကာကွယ်ရန်၊ ထိခိုက်ရှနာခွဲစိတ်ဒဏ်ရာ များ သွေးတိတ်စေရန် စသည်တို့အတွက်ဗီတာမင် ကေဓာတ်က မရှိမဖြစ်သက်စောင့်ဓာတ်ဖြစ်သည်။ ပုံမှန် ကျန်းမာရေးကောင်းသော အရွယ် ရောက်ပြီး သူတစ်ဦးအတွက် တစ်နေ့တာ ဗီတာမင်ကေ လိုအပ်ချက်ပမာဏမှာ ၉၀ မိုက်ခရိုဂရမ်မှ ၁၂၀ မိုက်ခရိုဂရမ်ဖြစ်သည်။ ဖော်ပြပါရောဂါရှိသူများတွင်ဗီတာမင်ကေ လိုအပ်ချက်မှာ ယင်းပမာဏ ထက်ပိုများနေမည်ဖြစ်သည်။


ဗီတာမင်ကေကြွယ်ဝသော အစားအစာများ။


ပင်စိမ်းရွက်၊ ကိုက်လံ၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစိမ်း၊ ဆလတ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်စသည့် အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များ၊ ကြက်သွန်မြိတ်၊ ဂေါ်ဖီထုပ်၊ သခွားသီး၊ မုန်လာဥနီ၊ ရုံးပတီသီး၊ ငရုပ်သီးမှုန့်၊ ကြက်ဥ ဘဲဥ၊ ငုံးဥ  စသည့် ဥအမျိုးမျိုးတို့မှ ရရှိ သော အနှစ်များနှင့် တရုတ်ဆီးသီးခြောက်တို့မှ  ဗီတာမင်ကေဓာတ်ကို လုံလောက်စွာရရှိနိုင်သည်။ ဖရုံစေ့၊ ကွာစေ့၊ ဗာဒံစေ့၊ နေကြာစေ့၊ မြေပဲစသည့် အခွံမာသီးအစေ့အဆံများမှလည်း ဗီတာမင်ကေဓာတ် ရရှိနိုင်ပါသည်။ ထို့ပြင် ဘယ်ရီသီးများဖြစ်ကြသည့် စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ စပျစ်သီးတို့ကလည်းဗီတာမင် ကေအရင်းအမြစ် သီးနှံများဖြစ်သည်။ တိရစ္ဆာန် အမျိုးအစားများအနက် ကြက်ရင်ပုံသားနှင့် အမဲသားတို့တွင် ဗီတာမင်ကေပါဝင်မှု ပိုမို များပြားသည်။ 


လေ့လာချက်များအရ အသက် ၃၀ နှင့် ၇၀ အကြား သေဆုံးကြပြီး ပျမ်းမျှ  လူ ၁၀ တွင် တစ်ဦးနှုန်း CVD(ခေါ်) နှလုံးသွေးကြောရောဂါကြောင့် သေဆုံးကြရ သည်။ ယင်း CVD ရောဂါသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှု အများဆုံးရောဂါဖြစ်ပြီး နှစ်စဉ် လူ ၁၇ ဒသမ ၉ သန်းခန့် သေဆုံးနေ သည်။ ယင်းသေဆုံးမှုများအနက် နှစ်သန်း သည် ဆေးလိပ်သောက်ခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှုမိရာမှ သေဆုံးသူများဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကမ္ဘာ့နှလုံးဖောင်ဒေးရှင်းနှင့် သြစတြေးလျရှိ နယူးကာဆယ်တက္ကသိုလ်တို့က ဆေးလိပ် သောက်သူများကို စိတ်နှလုံးထဲ စွဲမှတ်ကာ ဆင်ခြင်သင့်ကြောင်း အထူးသတိပေး ထုတ်ပြန် ထားသည်။ သို့ပါ၍ နီကိုတင်းပါသော ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အီး စီးကရက်များကိုယ်တိုင် သောက်ခြင်း၊ တစ်ဆင့်ခံ စီးကရက်မီးခိုးငွေ့ ရှုရိုက်ခြင်းတို့ကို သတိထားရပေမည်။


အချုပ်အားဖြင့်ဆိုသော် ကိုဗစ်ကာလနှလုံး ရောဂါရှိသူများအနေဖြင့် အချို၊ အငန်လျှော့စား ပါ။ အထက်ဖော်ပြပါ ဗီတာမင်ကေ ကြွယ်ဝ သော အစားအစာများကို ဦးစားပေးရွေးချယ် စားသောက်ရင်း စိတ်ဖိစီးမှုမခံရအောင်ကြိုးစား နေထိုင်သင့်ပါသည်။ သွေးပေါင်ချိန်ကိုလည်း နေ့စဉ်တိုင်းတာသင့်ပြီး၊ အိပ်ရေးဝ၀အိပ်စက် ဖို့လိုပါသည်။ အဝမလွန်စေရန်နှင့် သွေးထဲတွင် မကောင်းသော LDL ကိုလက်စထရောကျစေ ရန်အတွက် အဆီအဆိမ့်များ လျှော့စားခြင်း၊ နေ့စဉ်ဘဝတွင် အထိုင်လျှော့၍ နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှုပြုခြင်း၊ အသက်ရှု လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အမျက်ဒေါသ လျှော့ခြင်း၊ မိသားစုနှင့် နွေးနွေးထွေးထွေး ဆက်ဆံခြင်း၊ ချစ်ခင်ရသောမိတ်ဆွေ၊ အပေါင်း အသင်းများဖြင့်  ဖုန်းအဆက်အသွယ်ဖြစ်စေ အပြန်အလှန် နှစ်သိမ့်ပြောဆိုခြင်း၊ တရား ဘာဝနာပွားများခြင်း စသည်တို့ဖြင့် နိစ္စဓူဝ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်သင့်ပါ သည်။






အခြားဆက်စပ်သတင်းများ