နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်သာလန်ကစားသမား ကလွိုက်ဗက်၏ တစ်နှစ်အတွင်း သွင်းဂိုးအများဆုံးစံချိန်ကို ဒီပိုင်း လိုက်မီ

စက်တင်ဘာ ၁၀


နယ်သာလန်အသင်း   သမိုင်း တစ်လျှောက်  ဂန္ထဝင်ကစားသမား                ကလွိုက်ဗက် ၂၁ နှစ်ကြာ တင်ထား ခဲ့သည့် တစ်နှစ်အတွင်း သွင်းဂိုးအများ ဆုံး စံချိန်ကို ဒီပိုင်းက လိုက်မီခဲ့ကြောင်း သိရသည်။


နယ်သာလန်အသင်း   သမိုင်း တစ်လျှောက် တစ်နှစ်အတွင်း သွင်းဂိုး အများဆုံး ကစားသမားအဖြစ် ကလွိုက် ဗက်သည် ၂၀၀၀ ပြည့်နှစ်က ၁၂ ဂိုးဖြင့် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။


ဒီပိုင်းသည် နယ်သာလန်အသင်းက တူရကီအသင်းကို ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ပွဲချိန် ၁၆၊ ၃၈ နှင့် ၅၄ မိနစ်တို့တွင် ဟက်ထရစ် သွင်းဂိုး သွင်းယူခဲ့ပြီးနောက် ယခုနှစ်အတွင်း သွင်းဂိုး  ၁၂ ဂိုး  ပြည့်မြောက်ခဲ့ပြီး ကလွိုက်ဗက်၏ စံချိန်ကို လိုက်မီနိုင် ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးကစားခဲ့သည့် ၁၀ ပွဲတွင် သွင်းဂိုး ၁၂ ဂိုးထိ သွင်းယူနိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (သူရိန်)






အခြားဆက်စပ်သတင်းများ