နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ချက်စတာယူနိုက်တက်အသင်း၏ စာချုပ်သစ်ကမ်းလှမ်းမှုကို လင်ဂတ် ငြင်းပယ်

စက်တင်ဘာ ၁၀


မန်ချက်စတာယူနိုက်တက်အသင်း က လင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့သော်လည်း ယင်းအနေဖြင့် ငြင်းပယ်ခဲ့ပြီး ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ပွဲထွက်ခွင့် ရရှိ မည့်  အသင်းတစ်သင်းသို့ပြောင်းရွှေ့ ရန်ပြင်ဆင်နေကြောင်း သိရသည်။


လင်ဂတ်သည် ပြီးခဲ့သည့်ဘောလုံး ရာသီက မန်ယူအသင်းတွင် ပွဲထွက်ခွင့်  မရရှိခဲ့သည့်အတွက် ဝက်စ်ဟမ်းအသင်း သို့ အငှားဖြင့် ပြောင်းရွှေ့ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်သည်။


ဝက်စ်ဟမ်း အသင်းက လင်ဂတ်ကို အပြီး သတ် ပြောင်းရွှေ့ကစားရန် စီစဉ်ခဲ့ သော်လည်း  ပြောင်းရွှေ့ကြေးညှိနှိုင်း မှု  အဆင်မပြေဖြစ်ခဲ့သည့်အတွက်  မန်ချက်စတာယူနိုက်တက်အသင်းနှင့် သာ ပူးပေါင်းခဲ့ရခြင်းဖြစ်သည်။


သို့သော် မန်ချက်စတာယူနိုက် တက် အသင်းသို့ စီရော်နယ်ဒိုရောက်ရှိ လာခဲ့ပြီးနောက် လင်ဂတ်အနေဖြင့် ပွဲထွက်ခွင့် ရရှိဖွယ်မရှိသောကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုကိုငြင်းပယ် ခဲ့ပြီး အသင်းပြောင်းရန်သာ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (သူရိန်)






အခြားဆက်စပ်သတင်းများ