နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပြ အင်းနရစ်က ဂွါဒီယိုလာကို စပိန်အသင်းနည်းပြ လုပ်စေချင်တယ်လို့ ပြော

စက်တင်ဘာ ၉


စပိန်အသင်းနည်းပြဖြစ်တဲ့ လူးဝစ် အင်းနရစ်က နာမည်ကျော်နည်းပြ တစ်ယောက်ဖြစ်တဲ့ ဂွါဒီယိုလာကို အနာဂတ်မှာ စပိန်အသင်းနည်းပြ လုပ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။


ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၃ ခုနှစ်ကျရင် ကလပ်အသင်းနည်းပြ အဖြစ်ကနေ အနားယူမယ်လို့ပြောဆို ထားပြီး နိုင်ငံအသင်းနည်းပြအဖြစ် လုပ်ဆောင်ဖို့အတွက် သတင်းတွေ ထွက်နေခဲ့သူလည်း ဖြစ်ပါတယ်။


အင်းနရစ်က "ကျွန်တော့်အနေနဲ့ ဂွါဒီယိုလာကို ချစ်ပါတယ်။ သူသာ စပိန် အသင်းကို နည်းပြအဖြစ်လုပ်ဆောင် မယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့အသင်း ဖြစ်သွားမှာပါ။ စပိန်အသင်းအတွက် ဂွါဒီယိုလာထက် ပိုသင့်တော်တဲ့ နည်းပြ မရှိပါဘူး"လို့ ပြောခဲ့ပါတယ်။


လူးဝစ်အင်းနရစ်နဲ့ ဂွါဒီယိုလာတို့ ဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတွေ ဖြစ်ပြီး ဘာစီလိုနာနဲ့ စပိန်အသင်းတွေ  မှာ အတူတွဲကစားဖူးခဲ့သူတွေလည်း ဖြစ်ပါတယ်။

(သူရိန်)






အခြားဆက်စပ်သတင်းများ