နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်အသင်းနဲ့အတူ မွေးနေ့မှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဆာကာ

စက်တင်ဘာ ၉


အင်္ဂလန်လက်ရွေးစင် လူငယ်ကစား သမားလေး ဆာကာက တနင်္ဂနွေမှာ  ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်နဲ့ အန်ဒိုရာ အသင်းပွဲစဉ်မှာ တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးယူပေးခဲ့ပြီး  အကောင်းဆုံးကစား သမားဆုကိုပါရရှိခဲ့ပါတယ်။  အဆိုပါ ပွဲစဉ်   ယှဉ်ပြိုင်ကစားတဲ့နေ့ဟာ သူ့ရဲ့  အသက်၂၀ ပြည့်မွေးနေ့ဖြစ်ပြီး သူ့အတွက်တော့ အင်္ဂလန်အသင်းကြီးနဲ့ ကစားပေးရင်း  ဂိုးသွင်းခြေစွမ်းပြနိုင် ခဲ့ကာ အကောင်းဆုံးကစားသမားဆုကို  မွေးနေ့လက်ဆောင်အဖြစ် ရယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။


အင်္ဂလန်အသင်းအတွက် လေးဂိုး မြောက်ဂိုးကို  ခေါင်းတိုက်သွင်းယူပေး ခဲ့ပြီး ပွဲစဉ်အစအဆုံး  အထူးခြေစွမ်း ပြခဲ့ပါတယ်။ အင်္ဂလန်အသင်းရရှိခဲ့တဲ့ လေးဂိုးမှာ သုံးဂိုးက သူပါဝင်ပတ်သက် ခဲ့တဲ့အပြင်  ဘောလုံးဆွဲပြေးရာတွင် အောင်မြင်မှု၊ ဘောလုံးပေးပို့မှု ၉၂ ရာခိုင်နှုန်းအောင်မြင်မှု၊ တစ်ဦးချင်း ဘောလုံးဖျက်ထုတ်မှု ၇ ကြိမ်မှာ ၆ ကြိမ် လုယူနိုင်ပြီး၊ ပြစ်ဒဏ်ဘော ၄ ကြိမ်ရရှိ အောင် စွမ်းဆောင်ခဲ့ပါတယ်။ 


အသင်းပရိသတ်တွေကဆာကာကို တခဲနက်အားပေးခဲ့ကာ ပွဲမတိုင်ခင်မှာ လည်း Happy Birthday သီချင်းဆို ပေးခဲ့ကြပါတယ်။  ကျွန်တော့်ကို မွေးနေ့ဆုတောင်း စကားပြောပေးတဲ့ သူတွေရော ကွင်းထဲ ပရိသတ်တိုင်းကိုပါ ကျေးဇူးတင်ပါ တယ် ။  ကျွန်တော်  အသက် ၂၀ ပြည့်  မွေးနေ့ထက် ပိုကောင်းတဲ့ မွေးနေ့မရနိုင်တော့ပါဘူး လို့ ဆာကာက သူ့ရဲ့ တွစ်တာမှာတင်ထား ခဲ့ပါတယ်။                                (SO)






အခြားဆက်စပ်သတင်းများ