နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆလာနီတာနာအသင်းကိုရောက်တဲ့ ရစ်ဘာရီနဲ့အသင်းလက်မဲ့ဖြစ်နေတဲ့ ဒေးဗစ်လူးဝစ်

စက်တင်ဘာ ၉


ဆလာနီတာနာ   အားကစား  ဒါရိုက်တာ ဖေဘီယန်နီက အသက် ၃၄ နှစ်အရွယ် ကစားသမား ဒေးဗစ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ ငြင်းဆိုလိုက် ပါတယ်။ ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမားဟောင်း ရစ်ဘာရီရောက် ရှိပြီးနောက်မှာတော့   အသင်းရဲ့ အပြောင်းအရွှေ့က ပြီးဆုံးသွားပြီဖြစ် ပါတယ်လို့  ဖေဘီယန်နီက  ပြောပါ တယ်။  သတင်းစာရှင်းလင်းပွဲမှာ အသင်းဟာ ရစ်ဘာရီကို ၁ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်လို့ ဖေဘီယန်နီ က ကြေညာခဲ့ပါတယ်။ 


၂၃ နှစ်အကြာတွင် စီးရီးအေသို့ တန်းတက်လာနိုင်ခဲ့တဲ့  ကမ်ပန်နီယာ အခြေစိုက်ကလပ်အတွက်တော့ ပြင်သစ် နိုင်ငံသားကိုခေါ်ယူမှုဟာ   အောင်မြင်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်ပုံရပါတယ်။ 


“ရစ်ဘာရီကို ခေါ်ယူပြီးပြီဖြစ်ကာ ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့က ပြီးပါပြီ။ ကျွန်တော်တို့ လုံလောက်စွာ လုပ်နိုင်ခဲ့ပြီးပြီလို့ အချင်းချင်းလည်း ပြောပြီးပါပြီ။ ရစ်ဘာယီက ကျွန်တော် တို့ ခေါ်ယူလိုက်တဲ့ နောက်ဆုံးကစား သမားဖြစ်ပြီး ကောင်းမွန်တဲ့ကစား သမားတွေကို ခေါ်ယူခဲ့တာပါ” လို့ ဖေဘီယန်နီက   ပြောပါတယ်။ ဒေးဗစ်လူးဝစ်ဇ်  ကိုယ်တိုင်ကလည်း အပြောင်းအရွေ့နှင့်ပတ်သက်ပြီး ဆိုရှယ် မီဒီယာမှာငြင်းဆိုခဲ့တာဖြစ်ပါတယ်။“နေ့တိုင်းမှာသတင်းတုတွေကအမျိုးမျိုးပါပဲ။ကျွန်တော်တို့ယုံကြည်ရာကိုပဲရွေးရမှာပါ”လို့ပြောထားပါတယ်။


ဖလာမင်ဂိုအပါအဝင် ဘရာဇီး ကလပ်တော်တော်များများက ဒေးဗစ် လူးဝစ်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ သော်လည်း ကစားသမားက ဥရောပမှာ ပဲ ကစားလိုနေပါတယ်။                (SO)






အခြားဆက်စပ်သတင်းများ