နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်မှာ ဘယ်တုန်းကမှ မကစားချင်ခဲ့ဘူးဆိုတဲ့ အီမီလီယာနိုမက်တီနက်ဇ်

 စက်တင်ဘာ ၉


အာဂျင်တီးနားကလပ် အင်ဒီ ပန်ဒီယန်တေးအသင်းကနေ အသက် ၁၇နှစ်အရွယ်တည်းက အာဆင်နယ် ကို ပေါင် (၁ ဒသမ ၁) သန်းနဲ့ပြောင်းရွှေ့ လာခဲ့တဲ့ ဂိုးသမား မာတီနက်ဇ်ဟာ အာဆင်နယ်မှာ အရန်ဂိုးသမားဘဝ၊ အငှားထွက်ကစားခဲ့ရတဲ့ ဘဝနဲ့သာ (၁၀) နှစ်ကြာ အချိန်ဖြုန်းခဲ့ရတာပါ။

မာတီနက်ဇ်ဟာ   ဆင်းရဲတဲ့ မိသားစုကို  ငွေကြေးထောက်ပံ့ပေး ချင်တာကြောင့် အင်ဒီပန်ဒီယန်တေး အသင်းကနေ အာဆင်နယ်ကိုပြောင်းရွှေ့ ခဲ့ရတဲ့ ဂိုးသမားလေးပါ။ 


“အာဆင်နယ်က ကျွန်တော့်ကို  လာခေါ်ခဲ့တုန်းက ကျွန်တော် မသွားချင် ခဲ့ပါဘူး။  အင်ဒီပန်ဒီယန်တေးအသင်း အတွက်ပဲ ကစားပေးချင်ခဲ့တာပါ။ ကျွန်တော် နောက် (၂) နှစ်လောက် အဲ့ဒီမှာ ဆက်နေလိုက်ရင် ပွဲထွက် ခွင့်ရမယ်လို့   စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်မိသားစုက ပိုက်ဆံ လိုနေတော့ ကျွန်တော် ဒါကိုပဲ ရွေးချယ် လိုက်ရပါတယ်” လို့ မာတီနက်ဇ်က တစ်ချိန်က ဖြစ်ရပ်တွေကို ပြန်ပြောင်း ပြောကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ