နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် မေ ၂၆


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက်၊ နံနက် ၅ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၈) ရပ်ကွက်၊ နတ်မောက်(၇)လမ်းမပေါ်၌ မူးယစ်သောင်းကျန်းနေသော သိန်းသန်းဇော်ထွေးထံမှ အရိုးအသွား (၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၅ ရက်၊ နံနက် ၁၀ နာရီအချိန်တွင် (၁၃၀)ရပ်ကွက်၊ စံပယ်မြိုင်လမ်းမပေါ်၌ မူးယစ်သောင်းကျန်းနေသော ကြည်သာထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် (၉)ရပ်ကွက်၊ မကွေးလမ်းနှင့် ဘားအံလမ်းထောင့်၌ ထက်ခေါင်လင်း(ခ)ထက်လင်း ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၅ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် (င)ရပ်ကွက်၊ သန္တာ(၇)လမ်းထိပ်၌ မူးယစ်သောင်းကျန်းနေသော ဇော်နိုင်ထွန်းထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်း၊ ၁၀၃၅ အချိန်တွင် ဝေဘာဂီနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် (က)ရပ်ကွက်၊ ဝေဘာဂီလမ်းမပေါ်၌ ဝင်းဗိုလ်ထံမှ အရှည်(၄)ပေခန့်ရှိ ဦးချွန်(၇) ခုပါ သံချွန်တစ်ချောင်းနှင့် ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် ရွှေပေါက်ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်းဇော်ထွေး(ခ)ကံကောင်းထံမှ အရိုးအသွား(၂၂)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီခွဲအချိန်တွင် (၂/တောင်)ရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီး ပေါ်၌ မောင်မောင်အေး(ခ)ဟူစိန် ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၅ ရက်၊ နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်တွင် (၁၅)ရပ်ကွက်၊ ဝန်ထမ်းကြီး အိမ်ယာ၊ သုနန္ဒာလမ်းမပေါ်၌ သက်ဝေဖြိုး(ခ)ပေါက်စီ နှင့် အောင်မျိုးထွဋ် တို့(၂)ဦးထံမှ အရိုးအသွား(၃၅)လက်မ ခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီခွဲအချိန်တွင် (၃)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် မင်းရဲကျော်စွာ လမ်းထောင့်၌ အယ်ထဲနာထံမှ အရိုးအသွား(၂၉)လက်မခန့်ရှိ ငှက်ကြီးတောင် ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ဗိုလ်ထွန်းစံရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီးနှင့် မိတ္ထီလာလမ်းထောင့်၌ မျိုးအေး(ခ)ချစ်ပိုင် ထံမှ အရိုးအသွား(၆)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၂၅ ရက်၊ ည ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် သက်လွင်ဦး ထံမှ အရိုးအသွား (၁၀)လက်မ ခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရ သည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ