နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံးနည်းပြများ

စက်တင်ဘာ ၈


တစ်ကမ္ဘာလုံးက  ကလပ်အသင်း တွေကြားမှာ ယှဉ်ပြိုင်မှုအပြင်းထန်ဆုံး နဲ့ လူစိတ်ဝင်စားမှုအခံရဆုံး  လိဂ် ကတော့ ပရီးမီးယားလိဂ်ဖြစ်သလို နာမည်ကျော် နည်းပြတွေနဲ့နာမည်ကြီး ကစားသမားများစွာ   ကျက်စားရာ ဘောလုံးရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။


အသင်းအတွက် နည်းစနစ်တွေ အပြင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ရလဒ်ကောင်းတွေ၊ အောင်မြင်မှုတွေ လိုချင်တဲ့ အသင်းတွေက အစွမ်းကုန်ကြိုးစားပေးတဲ့နည်းပြတွေကို  လစာ အများအပြား  ပေးချေနေရတာက အဆန်း တော့ မဟုတ်ပါဘူး။ 


TheSun သတင်းစာရဲ့ထုတ်ဖော် ချက်အရချယ်လ်ဆီးနည်းပြ သောမတ်စ် တူချယ်ဟာ ချန်ပီယံလိဂ်ဖလားရယူ ပေးခဲ့ပြီးနောက်မှာ  တစ်နှစ်ကို ဒေါ်လာ ၈ သန်းခွဲလောက်ရမယ့် စာချုပ်အသစ် ကို ထပ်မံချုပ်ဆိုထားတယ်လို့ သိရှိရပါ တယ်။


ဒါ့အပြင် အဆိုပါ ၁၈ လ စာချုပ် မှာ ထပ်မံသက်တမ်းတိုးခွင့်အပြင်ဆု ဖလားရရှိမှုအတွက် အပိုဆုကြေး ခံစားခွင့်တွေလည်း ပါဝင်နေပါတယ်။ လိဒ်ယူနိုက်တက်အသင်းရဲ့ နည်းပြ မာဆယ်လိုဘီရယ်ဆာကတော့ နည်းပြ အိုလေဂန်းနားဆိုးရှားထက် လစာပို များနေပြီး လစာအများဆုံးရနေတဲ့ နည်းပြကတော့  မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာပဲ ဖြစ်ပါတယ်။ 


ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်စာလုပ်ခအများဆုံးနည်းပြများ- (၁) ဂွါဒီယိုလာ (မန်စီးတီး) – ဒေါ်လာ ၂၄ သန်း (၂) ဂျာဂန်ကလော့ (လီဗာပူးလ်) – ဒေါ်လာ ၁၈ သန်း (၃) ဘရန်ဒန် ရော်ဂျာ (လက်စတာ) – ဒေါ်လာ ၁၂ သန်း (၄) မာဆယ်လို ဘီရယ်ဆာ (လိဒ့်) – ဒေါ်လာ ၁၂သန်း (၅) အိုလေ ဆိုးရှား (မန်ယူ) – ဒေါ်လာ ၉သန်း (၆) သောမတ်စ်တူချယ် (ချယ်လ်ဆီး) – ဒေါ်လာ ၈ ဒသမ ၅ သန်း တို့ပဲ ဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ