နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေရာသီဈေးကွက်မပိတ်ခင်မှာ အမ်ဘတ်ပီ ရောက်လာဖို့အတွက် အလိုရှိခဲ့တယ်လို့ ဘင်ဇီမာ ပြော

 စက်တင်ဘာ ၈


ရီးရဲလ်မက်ဒရစ်  တိုက်စစ်မှူး ဘင်ဇီမာက နွေရာသီဈေးကွက်မပိတ် ခင်မှာ အသင်းကို ပြင်သစ်အသင်းဖော် ဖြစ်တဲ့  ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ ရောက်ရှိလာဖို့အတွက် အလိုရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ ပိတ်ခါနီးမှာ အမ်ဘတ်ပီကို ယူရိုသန်း ၁၇၀ အပြင် အပိုဆုကြေးအဖြစ် ယူရို ၁၀ သန်း ပါပေး ပြီး ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းက   ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ 


ဘင်ဇီမာက "ရီးရဲလ်အသင်းအနေနဲ့ အမ်ဘတ်ပီကို တကယ်ခေါ်ယူချင် ခဲ့သလို  ကမ်းလှမ်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။  ဒီနှစ်နွေရာသီ အပြောင်းအရွှေ့မှာ    ရီးရဲလ်ကို အမ်ဘတ်ပီ ရောက်လာခဲ့ဖို့ အလိုရှိခဲ့ ပေမယ့် မရောက်လာ ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ပြောရဲတာကတော့ မကြာခင်မှာ   အမ်ဘတ်ပီအနေနဲ့ ရီးရဲလ်ကစားသမား ဖြစ်လာမှာပါ"လို့ ပြောခဲ့ပါတယ်။


အမ်ဘတ်ပီကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစား ချင်နေတာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချထား တယ်လို့ သိရပါတယ်။              (သူရိန်)






အခြားဆက်စပ်သတင်းများ