နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘယ်ဂျီယံအသင်းနဲ့အတူ ပွဲတစ်ရာပြည့်သွားပြီဖြစ်တဲ့ လူကာကူ

စက်တင်ဘာ ၈


၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘယ်ဂျီယံအသင်းက ချက်အသင်း ကို ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အသင်း တိုက်စစ်မှူး လူကာကူက ဦးဆောင်ဂိုး တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ 


အဆိုပါ ပွဲစဉ်ဟာ လူကာကူအတွက် ဘယ်ဂျီယံ  လက်ရွေးစင်အသင်းနဲ့ ပွဲတစ်ရာပြည့်မြောက်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါ တယ်။  ဘယ်ဂျီယံအသင်းအတွက် ပွဲ ၁၀၀ ပြည့်သည်အထိ ပါဝင်ကစားပေး ခဲ့သည့် ကစားသမား ၆ ဦးသာရှိပြီး မာတင် ၁၀၂ ပွဲ၊ ဟာဇက် ၁၁၃ ပွဲ၊ အယ်ဒါဝီရယ် ၁၁၄ ပွဲ၊ ဗစ်ဆဲ ၁၁၅ ပွဲ၊ ဗာတွန်ဂမ် ၁၃၁ ပွဲ တို့ဖြစ်ကြပါတယ်။ 


လူကာကူသည် ဘယ်ဂျီယံအသင်း သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ကာ ဟာဇက် ၁၁၃ ပွဲ ၃၃ ဂိုး၊ ဘားနက်ဒ် ဗောဟုဖ် ၆၁ ပွဲ ၃၀ ဂိုးတို့အထက် ၆၇ ဂိုးနဲ့ ရပ်တည်နေ တာဖြစ်ပါတယ်။ သူ့ရဲ့သွင်းဂိုးတွေထဲ က ၅၀ ဂိုးဟာ ၄၈ ပွဲထဲ ကစားပြီး သွင်းယူထားခဲ့တာ  ဖြစ်ပါတယ်။ ဘယ်ဂျီယံအသင်းသည် အုပ်စုပွဲ ငါးပွဲ ကစားပြီးနောက် လေးပွဲနိုင် တစ်ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမနေရာကို ရယူထားပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ