နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်္ဂလန်ဦးဆောင်လာတဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး နိုင်ငံအသင်းများ

စက်တင်ဘာ ၈


ကမ္ဘာ့ တန်ဖိုးအကြီးဆုံးအသင်း တွေ  ထွက်ပေါ်လာခဲ့ပြီဖြစ်ကာ အင်္ဂလန်အသင်းက အံ့အားသင့်ဖွယ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူရို ၂၀၂၀ ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပေမယ့် အီတလီကိုအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 


အပြောင်းအရွှေ့အရ    အင်္ဂလန် အသင်းဟာ လူစာရင်းတန်ကြေး စုစုပေါင်း ပေါင် ၁ ဒသမ ၀၆ ဘီလီယံ အထိ ရှိနေတယ်လို့  ဖော်ပြခဲ့ပါတယ်။ အဆိုပါအခြေအနေ ကြောင့် ကမ္ဘာ့ဖလား ပိုင်ရှင် ပြင်သစ်အသင်းရဲ့အထက်မှာ ရပ်တည်စေတာဖြစ်ပါတယ်။ ဘရာဇီး နဲ့ အီတလီကတော့ အဆင့် ၃ နဲ့ ၄ နေရာမှာ အသီးသီးရပ်တည်နိုင်ခဲ့ကာ ဂျာမနီအသင်းကတော့ အဆင့် ၅ နေရာ မှာ ပါဝင်လာပါတယ်။ 


ထိပ်ဆုံး(၁၀)သင်း ၁။ အင်္ဂလန်- ပေါင် ၁ ဒသမ ၀၆ ဘီလီယံသန်း             ၂။ ပြင်သစ် - ပေါင် ၉၃၁ ဒသမ ၅၀သန်း  ၃။ ဘရာဇီး - ပေါင် ၈၇၅ ဒသမ ၁၆သန်း  ၄။ အီတလီ- ပေါင် ၇၉၇ ဒသမ ၄၀သန်း  ၅။ ဂျာမနီ- ပေါင် ၇၉၃ ဒသမ ၈၀ သန်း ၆။ စပိန်- ပေါင် ၆၅၆ ဒသမ ၅၅ သန်း ၇။ ပေါ်တူဂီ- ပေါင် ၆၃၄ ဒသမ ၅၀ သန်း ၈။ အာဂျင်တီးနား - ပေါင် ၆၂၀ ဒသမ ၅၅ သန်း ၉။ နယ်သာလန် - ပေါင် ၅၈၉ ဒသမ ၅၀ သန်း ၁၀။ ဘယ်လ်ဂျီယံ- ပေါင် ၄၄၁ ဒသမ ၄၅ သန်း အင်္ဂလန် ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂ ပွဲကစား  ၂ ပွဲစလုံးကို အနိုင်ရရှိထားခဲ့ပါတယ်။ 


ဆောက်ဂိတ်ကတော့  လာမယ့် ကမ္ဘာ့ဖလား ကိုပစ်မှတ်ထားနေတယ် လို့ဆိုပါတယ်။ “တကယ်လို့ ကမ္ဘာ့ဖလား ချန်ပီယံလောင်းစာရင်းမှာ   ပါဝင် ဖို့ အလိုရှိတယ်ဆို အချိန်ဖြုန်း လို့ မဖြစ်ပါဘူး” လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ