နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် ဖုန်းလုယက်မှုကျူးလွန်သူ ၂ ဦးဖမ်းဆီးရမိ

ရန်ကုန် မေ ၂၆


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၁၀၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၉၃ အမှုမှတရားခံ ဟိန်းထက်အောင်အား အခြားလုယက်မှုများကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ်တိုက်ဆိုင်စစ်ဆေးခဲ့ရာ ယင်းသည် ကိုကိုနိုင် နှင့်အတူ မေ ၅ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ မြောက်ဥက္ကလာပမြို့နယ်သို့ အငှားယာဉ်တစ်စီးငှားရမ်းခဲ့ပြီး အဆိုပါယာဉ်မောင်းထံမှ honor 7A အမျိုးအစား ဖုန်း(၁)လုံးကိုလည်းကောင်း၊ အလားတူ မေ ၁၇ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် သင်္ဃန်းကျွန်း မြို့နယ်မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်သို့ အငှားယာဉ်တစ်စီးငှားရမ်းခဲ့ပြီး အဆိုပါယာဉ်မောင်းထံမှ ZTE အမျိုးအစား ဖုန်း(၁)လုံးကိုလည်းကောင်း အသီးသီးလုယူခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။


စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှပူးပေါင်းပါဝင်သူ ကိုကိုနိုင်ကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မေ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်၊ ဒူးယား(၂)လမ်း၊ အမှတ်(၆၄၃/က)ရှိ ယင်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်း လက်ကိုင်ဖုန်းများကို သိမ်းဆည်း ရရှိပြီးဖြစ်၍ ယင်းတို့ ၂ ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ