နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လီဗာပူးအသင်းက တိုက်စစ်မှူး ဆာလက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေ

စက်တင်ဘာ ၇


လီဗာပူးဟာ အသင်းရဲ့အဓိက ကစားသမားတွေကို   စာချုပ်သစ် ချုပ်ဆိုနေခဲ့တာဖြစ်ပြီး လက်ရှိအချိန် မှာတော့ တိုက်စစ်မှူး ဆာလက်ကို စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ဆောင်နေ ပါတယ်။

ဆာလက်အနေနဲ့ အသင်းနဲ့ချုပ်ဆို မယ့် စာချုပ်သစ်မှာ အသင်းရဲ့လစာငွေ အများဆုံး ကစားသမားအဖြစ် တစ်ပတ် ကို လုပ်ခလစာ ပေါင် ၅ သိန်းအထိ လိုချင်နေတယ်လို့ Daily Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါ တယ်။


လီဗာပူးဟာ   နွေရာသီ                     အပြောင်းအရွှေ့ မှာ လစ်ပ်ဇစ် နောက်ခံ လူ ကိုနာတေးကိုသာ ခေါ်ယူခဲ့ပေမယ့် အသင်းရဲ့အဓိက ကစားသမားတွေကို စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဗန်ဒိုက်ခ်၊ အာနိုးလ်နဲ့ ဟန်ဒါဆန်တို့ကို ကာလရှည် စာချုပ် ချုပ်ခဲ့တယ်လို့ သိရပါတယ်။


လီဗာပူးနည်းပြ   ကလော့ပ်က "ဆာလက်အနေနဲ့ အကောင်းဆုံးကစား နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဆိုတာကို လည်း ပြောပြထားပါတယ်။ ဆာလက် အနေနဲ့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို မှာပါ" လို့ ပြောခဲ့ပါတယ်။

 (သူရိန်)






အခြားဆက်စပ်သတင်းများ